အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်းမှာ တစ်လအတွင်း နည်းမျိုးစုံနဲ့ အဓမ္မ ဖမ်းဆီးခဲ့သူ လူ ၁၀၀ ကျော်ရှိတယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရသူတွေအနက် ၁၁၄ ယောက်ရဲ့ ဖြစ်စဉ်ကို Rangoon Scout Network က သိရှိခဲ့ရပြီး အဲဒီလူတွေထဲက အယောက် ၂၀ ကို စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေဆီ စစ်တပ်က ပို့ဆောင်ခဲ့တယ်လို့ Rangoon Scout Network က ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့ ၁၁၄ ယောက်အနက် ၄၃ ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့ကာ ၅၁ ယောက်က ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့သူတွေအနက် သတင်းအတိအကျနဲ့ စောင့်ဆိုင်းဖမ်းဆီးခံရသူ ၂၇ ယောက် ရှိပြီး လမ်းပေါ်သွားလာနေတုန်း ဖမ်းခံရသူ အယောက် ၂၀၊ လမ်းဘေးထိုင်နေတုန်း ဖမ်းခံရသူ ၁၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရှောင်တခင် စစ်ဆေးဖမ်းဆီးခံရသူ ၁၀ ယောက်ရှိပြီး ဧည့်စာရင်းအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၃၄ ယောက်ရှိတယ်လို့ Rangoon Scout Network က ဆိုပါတယ်။

ဆန္ဒပြနေတုန်း ဖမ်းဆီးခံရသူ ၁ယောက် ပါဝင်ပြီး စစ်ရေးလှုပ်ရှားမှာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရသူ ၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်ပေးမယ်လို့ လိမ်လည်ပြီး ဖမ်းဆီးခဲ့တာတွေ၊ ရွေးကောက်ပွဲ နှောင့်ယှက်မှုနဲ့ ဖမ်းဆီးခဲ့ တာတွေလည်းရှိခဲ့သလို ဘယ်လိုဖမ်းဆီးခံရတယ်ဆိုတာကို မသိရသေးသူတွေလည်း ပါဝင်တယ်လို့ Rangoon Scout Network က ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ စစ်မှုထမ်းဖို့အတွက် ဖမ်းခံရသူ ၂၃ ယောက်ပါဝင်ပြီး အဲဒီလူတွေအနက် အမှန်တကယ် စစ်သင်တန်းကြောင်း ပို့ဆောင်ခံခဲ့ရသူ ၉ ယောက်ရှိကာ ကျန်တဲ့ ၁၄ ယောက်ရဲ့ ဖမ်းဆီးပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

(ပုံဟောင်းကို အသုံးပြုထားပါတယ်)
ဓာတ်ပုံ – AFP
0 Shares:
You May Also Like
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါတွင် တသီးပုဂ္ဂလအမတ်လောင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးအမတ် ပြိုင်ဘက်မရှိ အနိုင်ရပြန်၊ ရွေးကောက်ပွဲမစသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရမှု များပြားနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကနေ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် တသီးပုဂ္ဂလအမတ်လောင်းဖြစ်သူ ဦးသန်းဝင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဒေါ်အိဖြူလွင်က ပြိုင်ဘက်မရှိ အနိုင်ရသွားပြန်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

Road to Mandalay ကမ်ပိန်းမှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန နှိုးဆော်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ "Road to Mandalay - ထိုးစစ် ထောက်ပို့ မန်းတိုင်းသို့ " အစီအစဥ်မှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့ရဲ့ အရာရှိသင်တန်း အပတ်စဥ် (၁) နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီပြည်အခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) အနေနဲ့ အရာရှိသင်တန်းအပတ်စဥ် (၁) နဲ့ တပ်သားသင်တန်းအပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ ဗကသများအဖွဲ့ချုပ်က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇) နှစ်ပြည့်နှင့် တံတားနီအရေးအခင်း (၃၇) နှစ်ပြည့်အဖြစ် စာ‌စောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။