နွေဦးတော်လှန်ရေးရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြား စတဲ့ စစ်သုံးပစ္စည်းတွေ လိုအပ်ချက်ရှိသလို အဓိက လိုအပ်နေတဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ယူနီဖောင်း၊ အဝတ်အထည် စတာတွေအတွက် ထောက်ပို့ကမ်ပိန်းတွေ အသီးသီး လုပ်ဆောင်နေကြရာ အဆိုပါ ကမ်ပိန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) တွဲလက်ကူညီဧရာဝတီ
ဧရာဝတီစစ်မျက်နှာမှာ ခြေသံလုံလုံနဲ့ အပီအပြင်စစ်ဆင်ရေးဖော်ဆောင်နေတဲ့ AYA PDF တပ်မဟာ ၂၉ အတွက် လစဉ်ထောက်ပို့နိုင်ဖို့ လိုအပ်နေပါတယ်။ အဓိကလိုအပ်တဲ့ပစ္စည်းတွေက ရိက္ခာနဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/profile.php?id=61571516616537

(၂) PRA Magway Supporting Team အနွေးဓာတ် သိန်း ၇၀၀ ကမ်ပိန်း
အညာဒေသ မကွေးတိုင်းမှာ အညာဆောင်းရဲ့ အအေးဒဏ်ခံနိုင်ဖို့ ရှေ့တန်းရောက်ရဲဘော်တွေအတွက် စောင်၊ အနွေးထည်အင်္ကျီ၊ ဘောင်းဘီရှည်၊ ခေါင်းစွပ်၊ ခြေအိတ်တွေလိုအပ်နေပါတယ်။ အဲဒီလို အနွေးဓာတ်တစ်စုံစာအတွက် ၉၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ အခုချိန်မှာတော့ အနွေးဓာတ်ရအောင် ကောက်ရိုး၊ မြက်ခြောက်တွေ အသုံးပြုနေရပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/PRAmagwaysupportingteam

(၃) Defense Operations 4 ကမ်ပိန်း
မိုးကုတ်မြို့အနီး မန္တလေးစစ်ဌာနက တပ်ရင်း ၄ ရင်းအတွက် ထောက်ပို့သွားမယ့် ကမ်ပိန်းဖြစ်ပါတယ်။ အဲဒီလိုတပ်ရင်း ၁ ရင်းအတွက် သိန်း ၂၅၀ စီဖြင့် ၄ ရင်းအတွက် ကျပ်သိန်းတစ်ထောင် ထောက်ပံ့သွားမယ့် ကမ်းပိန်းဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/photo/?fbid=1298298442312603&set=a.452878210187968

(၄) လက်သံကမ်ပိန်း
မြင်းခြံခရိုင်တပ်ရင်း (၇) အညာသား zero တွေရဲ့ လက်သံကမ်းပိန်းအတွက် ကျပ်သိန်း ၂၀၀၀ ဖြစ်ပါတယ်။ ကမ်ပိန်းကာလကတော့ နိုဝင်ဘာ ၁၁ ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ သတ်မှတ်ထားပါတယ်။ အခုချိန်ထိ ကမ်ပိန်းအောင်မြင်မှုက ၆၀ ရာခိုင်နှုန်းသာရှိသေးတယ်လို့ သိရပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/profile.php?id=61576364188110

(၅) ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ယူနီဖောင်းကျည်ကာ သိန်းထောင့်ငါးရာ
ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအင်အား၊ ပကဖတိုက်ခိုက်ရေးရဲဘော်တွေအတွက် ယူနီဖောင်း၊ ဦးထုပ်၊ ကျည်ကာဆင်ပေးနိုင်ဖို့ ကမ်ပိန်းဖြစ်ပါတယ်။ ကမ်ပိန်းကာလ နှစ်လကျော်နေပေမယ့် သတ်မှတ်ငွေ ပမာဏမရှိသေးဘူးလို့ သိရပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/profile.php?id=61575208696050

(၆) Myingyan 21 Guerilla Force ပြည်တော်ပြန်ဝင်ကျည်ကာဆင် ကမ်ပိန်း ကံစမ်းမဲ
ဒီကမ်ပိန်းကံစမ်းမဲတစ်စောင်ကို မြန်မာကျပ်ငွေ တစ်သောင်းသတ်မှတ်ထားပါတယ်။ ပေါက်မဲဆုတွေက ပထမဆု ၁၈ သိန်းတန်ရွှေဆွဲကြိုး၊ ဒုတိယဆု – Alexander Christies လက်ပတ်နာရီနဲ့ တတိယဆု – 80000 Mah ပါဝါဘန့်ဖြစ်ပါတယ်။
မြင်းခြံခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ Myingyan 21 Guerilla Force ပြည်တော်ပြန်ဝင် ကျည်ကာဆင် ကမ်ပိန်းဟာဆိုရင် ရဲဘော်တစ်ဦးတစ်ယောင်ချင်းစီရဲ့ အသက်ကို ကယ်နိုင်မယ့်ကျည်ကာ၊ ကျည်ကာပြားနဲ့ ကျည်ကာဦးထုပ် ဝယ်ယူဖို့အတွက် ဖြစ်ပါတယ်။ ကမ်ပိန်းကာလကို ဒီဇင်ဘာ ၁ ရက်ကနေ ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ထားပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/MyingyanTwentyOneGuerillaForce

(၇) အင်းလေးတပ်ရင်း ၁၀၀၉ နဲ့ ရေဆန်ခရီး
ရေဆန်ခရီးဆိုတဲ့အတိုင်း တကယ်ကို လိုအပ်ချက်တွေများလွန်းလှတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပထမဆုံးလုပ်တဲ့ကမ်ပိန်း ရေဆန်ခရီးဖြစ်ပါတယ်။ အခုဒီဇင်ဘာ ၃၁ ရက်နေ့အထိ နောက်ဆုံးထားပြီးတော့ ကျပ်သိန်း ၁၅၀၀ ကျပ် ရရှိဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ နိုင်ငံတကာ Fundraiser တွေကတဆင့် ပါဝင်ထောက်ပံ့နိုင်တယ်လို့ သိရပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/photo/?fbid=1174949764740537&set=a.107082591527265

(၈) ပဲခူးရိုးမဖြတ်ကျော်မယ့် MDF ကံစမ်းမဲကမ်ပိန်း
ပဲခူးရိုးမကို ဖြတ်ကျော်ကြမယ့် MDF (Myanmar Defense Force) ရဲ့ “Project အောင်မြေ” ကံစမ်းမဲကမ်ပိန်း တားဂတ်ပမဏက ကျပ်သိန်းငါးရာဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်တစ်စောင် ကျပ် တစ်သောင်း သတ်မှတ်ထားပြီးတော့ ပေါက်မဲပစ္စည်းက I phone 17 (256 G) ဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/photo/?fbid=871476442239465&set=a.844584398262003

(၉) ရောင်နီပြမည် ချောက်မြို့ဆီ သိန်း (၁၀၀၀၀) ကမ်ပိန်း
ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဖော်ဆောင်ဖို့နဲ့ လိုအပ်တဲ့နေရာတွေမှာ ဖြည့် ဆည်းဖို့အတွက် ဒီဇင်ဘာ ၃ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့အထိရက်သတ်မှတ်ထားပြီးတော့ ကျပ်သိန်း တစ်သောင်းရရှိဖို့ ရည်ရွယ်ထားပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/profile.php?id=61580331504030…

#

(၁၀) နွေဦးဂုရုလေးများ
ငါတို့ကမ်ပိန်း သိန်း ၃၀၀ နွေဦးဂုရုလေးတွေရဲ့ တစ်နှစ်မှာ နှစ်ခါလုပ်တဲ့ကမ်ပိန်းလို့ သိရပါတယ်။ ဒီကမ်ပိန်းကနေ ဆေးအဖွဲ့ဝင်တွေနဲ့ စီမံဆောင်ရွက်နေကြတဲ့ ရဲဘော်ရဲဘက်တွေကို အဓိကထား ထောက်ပို့မှာဖြစ်ပါတယ်။ ဆေးခန်းထဲမှာ ဆေးအဖွဲ့ဝင်တွေ နေထိုင်ဖို့ တဲအဆောက်အအုံ ၅ လုံးဆောက်ဖို့ပါပါတယ်။ တဲတစ်လုံးကို ကျပ် ၁၅ သိန်းကျသင့်မှာဖြစ်ပါတယ်။ တဲအလှူရှင်အတွက် ကဗျည်းထိုးပေးပါတယ်။ အောက်ပါလင့်ခ်မှာ ပါဝင်ကူညီနိုင်ပါတယ်။https://www.facebook.com/photo.php?fbid=1329647459175209&set=a.1177899037683386&type=3

0 Shares:
You May Also Like
Read More

သံတောင်ကြီးတွင် စစ်ကောင်စီ၏ လမ်းကင်းတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်က ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

တပ်မ(၁၀၁) မှာ အဓမ္မ စစ်မှုထမ်းစေခိုင်းခံထားရတဲ့ စစ်သား ၂ ​ယောက် ပခုက္ကူ ပကဖထံ ချိတ်ဆက်အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်ကောင်စီရဲ့ တပ်မဌာနချုပ် တပ်မ(၁၀၁)မှာ အတင်းအဓမ္မ စုဆောင်း ခံထားရတဲ့ စစ်သား ၂ ​ယောက် ချိတ်ဆက်အလင်းဝင်လာတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ၊ တပ်ခွဲ (၁)၊ တပ်စိပ်(၁) - Burma Revolution Rangers တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။