အင်ဒိုနီးရှားနိုင်ငံက ကမကထပြု ကျင်းပခဲ့တဲ့ ၆ ရက်တာ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲကို အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေ မပါဝင်တာသေချာမှ လက်ခံတက်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲကို အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့အတူ NUCC ကိုယ်စား လှယ် ၂ ယောက် တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ဘယ်နေရာ၊ ဘယ်လိုအခြေအနေမှာမှ တွေ့ ဆုံခဲ့တာ မရှိဘူးလို့ NUCC က ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် NUCC က အခုလို ထုတ်ပြန်ဖြေရှင်းခဲ့တာပါ။

ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အဲဒီဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်အမျိုးအသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF၊ Arakan Heritage Foundation ၊ CRPH ၊ RCSS/SSA ၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တို့တက်ရောက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ချုပ် စိုးနိုင်ဦး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ) ၏ NUCC သို့ ပြန်လည်ဖြေကြားချက်များအရ ဖိတ်ကြားမှုတွင် အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များ လုံးဝမပါရှိကြောင်း သေချာမှသာ NUCC အတွင်း ဆွေးနွေးဆုံးဖြတ်၍ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည်။ NUCC အနေဖြင့် တော်လှန်ရေး အောင်မြင်မှုကို ရှေးရှု၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်များ နှင့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက်ကိုင်စွဲ ရပ်တည်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်” လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

0 Shares:
You May Also Like
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ STUM အဖွဲ့ဝင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေးအပြည့်အဝရရှိရေး ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ STUM ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက် KNDF ဆီ ထွက်ပြေးခိုလှုံ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။