လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃ရက် မနေ့က လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အချုပ်ခန်းမှာ ထိန်းသိမ်းထားရှိတဲ့ အချုပ်သားအားလုံးအတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးပေးမှုကို အောင်မြင်စွာ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁ရက်နေ့တုန်းကလည်း လောင်းလုံး ပအဖ၊ လောင်းလုံးမြို့နယ် သံမဏိလိပ်ပြာတပ်ဖွဲ့နဲ့ ခေတ်သစ်လူငယ်များ လူသားချင်းစာနာ ကူညီ‌ထောက်ပံ့ရေးအဖွဲ့တို့ ပူးပေါင်းပြီး လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်ထားမှုမှ ဖယ်ရှားနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု NLD ပါတီ ထုတ်ပြန်

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရီတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီက ထုတ်ပြန်ထားပါတယ်။
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲရာ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ သပိတ်ကျင်းမြို့နယ်မှာ ၂ရက်ဆက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်အုပ်စုထံ ရေဦးပကဖ တပ်ဖွဲ့ဝင် ၆ ဦး ပူးပေါင်းသွားကြောင်း သတင်းထွက်ပေါ် ၊ ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းသွားတာမဟုတ်ဘဲ ထွက်ပြေးရာမှ ဖမ်းခံရပြီး ဝါဒဖြန့်တာလို့ ရေဦးပကဖ ပြော 

ကျည်ဆံခိုးရောင်းမှုကြောင့် ပြစ်ဒဏ်ပေးခံထားရသူနဲ့ အကျယ်ချုပ် ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားသူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး စစ်တပ်ထံ အလင်းဝင်ရောက်လာတဲ့ပုံစံမျိုး ဝါဒဖြန့် ပုံဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။