ကရင်နီပြည်၊ လွိုင်ကော်တိုက်ပွဲမှာ KNDF အမှတ် (၁၄) တပ်ရင်းက တပ်စုမှူးတစ်ယောက် ကျဆုံးသွားတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းမှာ တပ်စုမှူးအဖြစ် စစ်မှုထမ်းဆောင်နေတဲ့ ခူးလောရယ်ဟာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရင်း နိုဝင်ဘာ ၃၀ ရက်နေ့ ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တပ်စုမှူး ခူးလောရယ်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါ တယ်။ တပ်စုမှူး ခူးလောရယ်ဟာ တိုင်းပြည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် သူ့အသက်ကိုပေးဆပ်သွားတဲ့အပေါ် KNDF တပ်ဖွဲ့ဝင်တွေက ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်းလည်း ပြောဆိုထားပါတယ်။

“ကျသွားတာ လွိုင်ကော်မြို့တစ်နေရာကတိုက်ပွဲမှာကျသွားတာပါ ၊ သူ့ကိုတော့ ၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေနေကတော့ တင်းမာနေဆဲပါပဲ” လို့ KNDF အမှတ် (၁၄) တပ်ရင်း တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စုမှူး ခူးလောရယ်ဟာ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ KNDF အမှတ် (၁၄) တပ်ရင်းကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး တပ်ဖွဲ့ထဲ ဝင်ရောက်ချိန်မှာ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ တပ်စုမှူးတစ်ယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား ခူးဟားရယ်ဟာ စစ်ကော်မရှင်တပ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

ပေါင်းတည်တွင် စစ်မှုထမ်းနှင့် ရွေးကောက်ပွဲအတုအတွက် အားတက်သရော ကူညီနေသည့် အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါင်တည်မြို့နယ်၊ ရေဆည်ကြီးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဟာ စစ်မှုထမ်းကိစ္စတွေနဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေမှာ အားတက်သရော ပါဝင်ကူညီနေတဲ့အတွက် အဆိုပါအုပ်ကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။