ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃ရက် မနက် ၈နာရီလောက်က မှော်စီစာကျေးရွာ A2 ရပ်ကွက်က ကျင်းတူးနေတဲ့နေရာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မူးယစ်ဆေးသုံးစွဲသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ရုပ်အလောင်းကို မိသားစုဝင်တွေ လာရောက်ဆက်သွယ် သယ်ဆောင်တာမျိုး မရှိတဲ့အတွက် ပိုင်ရှင်မဲ့အလောင်းအဖြစ် သတ်မှတ်ပြီး နယ်မြေခံ ကူညီရေးအသင်းတွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

“မူးယစ်ဆေးသမားတွေက နယ်ခံတွေကနေ အိမ်ခြေရာမဲ့ ဖြစ်သွားတာလည်း ရှိသလို အမျိုးမျိုးပါပဲ။ အခု သေတဲ့သူကလည်း မူးယစ်ဆေးသမားပါ။ ဘယ်အဖွဲ့က ပစ်သွားတာလဲတော့ မသိရဘူး။ ပိုင်ရှင်မဲ့ အလောင်းလို့ပဲ ပြောလို့ရမယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ အခုလို သေနတ်ဒဏ်ရာနဲ့ သေဆုံးအလောင်းတွေ တွေ့တဲ့ဖြစ်စဥ်မျိုး မကြာခဏ ဖြစ်ပွားနေပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်နေလဲဆိုတာ အတိအကျ မသိရပေမယ့် သေဆုံးသူ အများစုဟာ မူးယစ်ဆေး သုံးစွဲသူတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့တုန်းကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ မှော်စီစာကျေးရွာအစပ် ပေါ်ဦးလက်ဖက်ရည်ဆိုင်အနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

AA ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် တပ်မမှုး ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတ အလေးပြုကြ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

စစ်ကိုင်းမှာ စစ်ကားတွေ ဘရိတ်ပေါက်ပြီး ခရီးသွားကားနှင့် လယ်ထွန်စက်ကို ဝင်တိုက်မိ၊ စစ်သား ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဘရိတ်ပေါက်လာတဲ့ စစ်ကောင်စီကားတွေက အရပ်သားကားတွေကို ဝင်တိုက်မိပြီး စစ်သား၄ယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း The Voice Of Wetlet Madayar အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။