ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အအဦးတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ နတ်တလင်းမြို့နယ် အရှေ့ခြမ်းက မကျီးပင်ရွာနဲ့ အောင်သုခရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဗုံးသီး ၈လုံးလောက် လာချသွားတာ။ ပေါင်ဗုံးသီးတွေပေါ့နော်။ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ဗုံးသီးတွေလည်း သိမ်းဆည်းရမိထားတယ်” လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ဒုတပ်ရင်းမှူး ဦးညီညီက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် မကျီးပင်ရွာနဲ့ အောင်သုခရွာက ဘုန်းကြီးကျောင်း ၂ကျောင်းနဲ့ အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁ရက်နေ့တုန်းကလည်း စစ်တပ်က နတ်တလင်းမြို့နယ် အရှေ့ခြမ်း ရေနောက်ရွာနဲ့ စမ်းကြီးရွာကို စက်တပ်လေထီးတွေနဲ့ ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
အလားတူ အောက်တိုဘာ ၁၆ ရက်နေ့တုန်းကလည်း နတ်တလင်းမြို့နယ် မကျီးပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာခံ ပြည်သူ ၁ယောက် သေဆုံးပြီး ၂ယောက် ဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။

ပုံစာ – စစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးသီးများနှင့် မကျီးပင်နှင့် အောင်သုခရွာ ပျက်စီးမှုမြင်ကွင်း
0 Shares:
You May Also Like
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

ပေါက်မြို့ ကပစ (၂၄) ကို ဦးတည်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများ ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ​မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆယ်ဝရွာတွင် စစ်ရှောင်ပြည်သူများ ရွာထဲပြန်ဝင်ပြီး ရက်ပိုင်းအကြာ လေကြောင်းတိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။