တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။

ဒီအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ပေါင်းစုဖြစ်ကြတဲ့ KA ၊ KNPDP ၊ KNPLF တာဝန်ရှိသူတွေနဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC မြို့နယ်တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို ပြည်သူလူထု ၆၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ (ကယာ၊ ကယန်း၊ ကယော၊ မနော၊ ပရဲ့၊ ဂေဘား) အမျိုးသားအလံတွေ လွှင့်ထူထားပြီး စစ်ကြောင်းချီတက်ခြင်း၊ အလံအလေးပြုခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း စတဲ့ အစီအစဥ်တွေ ပါဝင်ခဲ့သလို KNDF စစ်ရေးချုပ် ဆရာရီးဒူကလည်း အမိန့်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကရင်နီဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်ရေး၊ ပိုမိုကောင်းမွန်တဲ့ စနစ်နဲ့ အရွေ့တစ်ခုကို သွားနိုင်ရေး၊ မတရားဖိနှိပ်မှုတွေကို ပြည်သူတွေ နားလည်သဘောပေါက်ပြီး တော်လှန်ရေးမှာ လူထုပါဝင်နှုန်း မလျော့ကျဘဲ ဆက်လက်ပံ့ပိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စလင်းတွင် ရဲစခန်း ၂ ခုနှင့် ရုံးပေါင်းစုံရုံးရှိရာကို ပကဖတိုက်ခိုက်ရေးတပ်များ လက်နက်ကြီးများ၊ RPG 7 များနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်အုပ်စုတွေရှိရာ စလင်းမြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ လင်းဇင်တိုက်နယ်ရဲစခန်းတို့ကို RPG 7 အပါဝင် လင်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လောင်းလုံး ပကဖ မှ ကျဆုံးရဲဘော် တပ်ခွဲမှူး တုတ်ကြီးနှင့် ရဲဘော် Fire အတွက် တစ်နှစ်ပြည့် ရည်စူးကုသိုလ်ပြု…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ဝါးရုံပင်အတွင်း ပုန်းခိုနေသည့် အရပ်သား ၁ဦး သေဆုံး ကမ္မ -ရေပြာလမ်းပိုင်းတစ်ဝိုက်ကိုလည်း Y12 လေယာဥ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော်ကြဲ

“လေထီးက လာတော့ သူက ကြောက်လန့်ပြီး ဝါးရုံပင်ကြားထဲသွားပုန်းတာ။ ဗုံးက သူ့အနောက်နားကျပြီး ဗုံးစက သူ့ကျောကိုပေါက်သွားတာပါ။ လေထီး ၂စီးနဲ့ ၃လုံးချတာ၊ အဲ့ ၁လုံးအပြင် နောက်အခြားဘက်ကျတဲ့ အလုံးတွေက မြင်းတွေရော ဆိတ်တွေရော သေတယ်လို့သိရတယ်။" လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄ လောင်း ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။