ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ တပ်ပိုင်မြေအတွင်း သီးစားလုပ်ကိုင်နေသူတွေဆီက ပိုက်ဆံလာကောက်တဲ့ တပ်ကြပ်ကြီး မြင့်လွင်ဆိုသူကို လက်ပစ်ဗုံးတွေနဲ့တကွ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လုံခြုံရေး တပ်ခွဲ (၂) ရဲ့ တပ်ကြပ်ကြီး မြင့်လွင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က စစ်တောင်းမြစ်အနောက်ခြမ်း၊ တခွဲကြဲကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံထားရတဲ့ မြေယာတွေမှာ သီးစားလုပ်ကိုင်နေတဲ့ တောင်သူတွေကို ငွေလာကောက်ရင်း ဖမ်းဆီးခံရတာဖြစ်ပြီး မြင့်လွင်နဲ့အတူ စီးလာတဲ့ Canter ၁၂ပေ ကား၁စီး၊ လက်ပစ်ဗုံး ၃လုံး၊ သက်သေခံကဒ်ပြား၊ ငွေသား ၁၂၀၀ ကျပ်နဲ့ ဖုန်း ၂ လုံးကိုပါ သိမ်းဆည်းရမိကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ က ထုတ်ပြန်ပါတယ်။

“ကျနော်တို့ဘက်က အဆင်သင့် ကင်းပုန်းဝပ် စောင့်ဖမ်းတာဆိုတော့ ခုခံချိန်မရလိုက်ပါဘူး။ စစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ။”လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တပ်ကြပ်ကြီးမြင့်လွင် ငွေလာကောက်တဲ့ စစ်တောင်းမြစ်အနောက်ခြမ်းနေရာမှာ အကြမ်းဖက်စစ်အုပ်စုက တပ်ပိုင်မြေအဖြစ် သိမ်းဆည်းပြီး ဒေသခံတောင်သူတွေကို သီးစားပြန်ချထားတဲ့ လယ်ဧက ၂၃၀ နဲ့ စပါးတင်းရေ ၄၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

တပခ တပ်ကြပ်ကြီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အရှင်ဖမ်းဆီးရမိပြီး နောက်တစ်နေ့ (နိုဝင်ဘာလ ၂၆ရက်)မှာတော့ တပခ ၆၀၄ တပ်ကနေ စစ်ကား ၃စီးနဲ့ အင်အား ၈၀ နီးပါးတင်ဆောင်ကာ စစ်ကြောင်းထိုးလာခဲ့ရာမှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုမိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ – ဖမ်းဆီးရမိသည့် မြင့်လွင်နှင့် ရေတာရှည် PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ််ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အရာရှိအပါ ၂ ယောက် သေ၊ နွေဦးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် အေကေလည်း မြင့်မြတ်စွာကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်​သားတွေကို တော်လှန်ရေးတပ်တွေက ​၂ ကြိမ်တိုင်တိုင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

မလှိုင်မြို့ပေါ်မှာ မူးယစ်သောက်စားနေသည့် စစ်ကောင်စီတပ်သားကို ပကဖ ရဲမေများ ဦးဆောင်မှုနှင့်အတူ လက်နက်နှင့်တကွ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီတပ်သားကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မှာ စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။
Read More

မဲမသမာလုပ်သည်ဟုဆိုကာ ပြည်သူ့အစိုးကို အဓမ္မဖြတ်ချခဲ့သည့် စစ်တပ်က ၎င်းတို့ကိုယ်တိုင် ပြုလုပ်သော ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ ကြိုတင်မဲများဖြင့် စစ်တပ်ပါတီကို အသာစီးပေးနေ

မကြာမီက ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတု အပိုင်း(၁) မှာ ကြိုတင်မဲအငြင်းပွားမှုတချို့ ဖြစ်ပေါ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။