အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရပါတီဖြစ်တဲ့ Democratic Party For the People တာဝန်ရှိသူတွေဖြစ်တဲ့ Mr. Fukasaku Hesusu၊ Mr. Kiichiro Hatoyama၊ Mrs. Tamura Mami တို့နဲ့ တွေ့ဆုံချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း တင်ပြနိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးနိုင်ဖို့ ဆွေးနွေးတယ်လို့ သိရပါတယ်။

ဒါ့အပြင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Komeito ပါတီက အထက်လွှတ်တော်အမတ် Mr. Taniai Masaaki တို့တွေ့ဆုံရာမှာလည်း အာဏာသိမ်းစစ်အုပ်စုပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအပေါ် ဂျပန်နိုင်ငံအစိုးရဲ့ သဘောထားဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက တာဝန်ခံတွေဟာ ကွန်မြူနစ်ပါတီ အထက်လွှတ်တော်အမတ် Mr. Yamazoe Taku ဖြစ်ပြီး နှစ်ဦးတွေ့ဆုံရာမှာ မြန်မာပြည်တွင်းရေး အခြေအနေတွေကို ဂျပန်လွှတ်တော်အတွင်း ဆွေးနွေးပေးဖို့နဲ့ ဂျပန်ရောက် မြန်မာတော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ပြောကြားတယ်လို့ သိရပါတယ်။

အလားတူဂျပန်နိုင်ငံရေးပါတီ Social Democratic Party ရဲ့ ဥက္ကဋ္ဌ Ms. Mizuho Fukushima အပါအဝင် ပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအခြေအနေနှင့် ဂျပန်အစိုးရရဲ့ ရပ်တည်ချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဂျပန်နိုင်ငံရှိ ဂျပန်လွှတ်တော်အမတ်များရုံးမှာကျင်းပတဲ့ တွေ့ဆုံကြားနာပွဲမှာလည်း ဂျပန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြတ်ပြတ်သားသား စာထုတ်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

မြဝတီမှာ လူကုန်ကူးခံရသူ ၁၁၀ ယောက်ကို ကယ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ ထိုင်းဝန်ကြီးချုပ်ကို အကူအညီတောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အချိန်မတိုင်မီ တရားဝင်မှုပေးခြင်းမှ ရှောင်ကြဥ်ရန် အာဆီယံဥက္ကဋ္ဌ သတိပေး

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက အဆင့်ဆင့်ခွဲပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အလျင်စလို အသိအမှတ်ပြုတာမျိုး၊ တရားဝင်မှု ပေးအပ်တာမျိုးကို ရှောင်ကြဉ်ကြဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သတိပေးပြောကြားလိုက်ပါတယ်။
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘန်ကောက်က တရားမဝင် ဘားတခုကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ မူးယစ်ဆေး သုံးထားတဲ့ မြန်မာ ၄၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ မွေးနေ့ပါတီအတွက် စုဝေးနေကြတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးကို မူးယစ်ဆေးသုံးပြီးအခြေအနေနဲ့ တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။