အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရပါတီဖြစ်တဲ့ Democratic Party For the People တာဝန်ရှိသူတွေဖြစ်တဲ့ Mr. Fukasaku Hesusu၊ Mr. Kiichiro Hatoyama၊ Mrs. Tamura Mami တို့နဲ့ တွေ့ဆုံချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း တင်ပြနိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးနိုင်ဖို့ ဆွေးနွေးတယ်လို့ သိရပါတယ်။

ဒါ့အပြင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Komeito ပါတီက အထက်လွှတ်တော်အမတ် Mr. Taniai Masaaki တို့တွေ့ဆုံရာမှာလည်း အာဏာသိမ်းစစ်အုပ်စုပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအပေါ် ဂျပန်နိုင်ငံအစိုးရဲ့ သဘောထားဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက တာဝန်ခံတွေဟာ ကွန်မြူနစ်ပါတီ အထက်လွှတ်တော်အမတ် Mr. Yamazoe Taku ဖြစ်ပြီး နှစ်ဦးတွေ့ဆုံရာမှာ မြန်မာပြည်တွင်းရေး အခြေအနေတွေကို ဂျပန်လွှတ်တော်အတွင်း ဆွေးနွေးပေးဖို့နဲ့ ဂျပန်ရောက် မြန်မာတော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ပြောကြားတယ်လို့ သိရပါတယ်။

အလားတူဂျပန်နိုင်ငံရေးပါတီ Social Democratic Party ရဲ့ ဥက္ကဋ္ဌ Ms. Mizuho Fukushima အပါအဝင် ပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအခြေအနေနှင့် ဂျပန်အစိုးရရဲ့ ရပ်တည်ချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဂျပန်နိုင်ငံရှိ ဂျပန်လွှတ်တော်အမတ်များရုံးမှာကျင်းပတဲ့ တွေ့ဆုံကြားနာပွဲမှာလည်း ဂျပန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြတ်ပြတ်သားသား စာထုတ်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရှင်းလင်းတင်ပြခဲ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
Read More

နယူးယောက်တွင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Time Square ရင်ပြင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲကို ဇွန်လ ၂၂ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကုလသမဂ္ဂသံတမန်တွေကို NUG လူ့အခွင့်အရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရှင်းလင်းပြောကြား

အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက ဦးအောင်မျိုးမင်းဟာ စက်တင်ဘာလ (၁၉)ရက် မနက်ပိုင်းက ကုလသမဂ္ဂ အဆောက်အဦးမှာ ကျင်းပပြုလုပ်တဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သံတမန်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရတဲ့ ရေဘေးဆိုင်ရာအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားလိုက်ပါတယ်။