ကရင်နီပြည်၊ လွိုင်ကော်တိုက်ပွဲမှာ KNDF အမှတ် (၁၄) တပ်ရင်းက တပ်စုမှူးတစ်ယောက် ကျဆုံးသွားတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းမှာ တပ်စုမှူးအဖြစ် စစ်မှုထမ်းဆောင်နေတဲ့ ခူးလောရယ်ဟာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရင်း နိုဝင်ဘာ ၃၀ ရက်နေ့ ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တပ်စုမှူး ခူးလောရယ်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါ တယ်။ တပ်စုမှူး ခူးလောရယ်ဟာ တိုင်းပြည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် သူ့အသက်ကိုပေးဆပ်သွားတဲ့အပေါ် KNDF တပ်ဖွဲ့ဝင်တွေက ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်းလည်း ပြောဆိုထားပါတယ်။

“ကျသွားတာ လွိုင်ကော်မြို့တစ်နေရာကတိုက်ပွဲမှာကျသွားတာပါ ၊ သူ့ကိုတော့ ၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေနေကတော့ တင်းမာနေဆဲပါပဲ” လို့ KNDF အမှတ် (၁၄) တပ်ရင်း တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စုမှူး ခူးလောရယ်ဟာ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ KNDF အမှတ် (၁၄) တပ်ရင်းကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး တပ်ဖွဲ့ထဲ ဝင်ရောက်ချိန်မှာ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ တပ်စုမှူးတစ်ယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား ခူးဟားရယ်ဟာ စစ်ကော်မရှင်တပ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ဖယ်ခုံနှင့် ညောင်ရွှေအစပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်မှူးအပါ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၁၀၀၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
Read More

အင်အားမလုံလောက်တဲ့ စစ်ကောင်စီက သက်ကြီးပိုင်းတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သားအစားထိုး လုံခြုံရေးယူခိုင်းနေ

ဧရာဝတီတိုင်းထဲက ဇလွန်၊ ဟင်္သာတ၊ သာပေါင်း၊ ငသိုင်းချောင်းနဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ ပုသိမ်မြို့တွေမှာ တပ်သားအင်အား မလုံလောက်တော့တဲ့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ နာမည်နဲ့ အသက် ၃၅ နှစ်ကနေ အသက် ၆၀ ရှိတဲ့ လူကြီးပိုင်းတွေကို မြို့ပေါ်လုံခြုံရေးအတွက် စစ်သားအစားထိုးအနေနဲ့ တာဝန်ပေးအပ်နေတယ်လို့ သိရပါတယ်။
Read More

ရေစကြိုတောင်ပိုင်း ဗလဘရွာကို စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး၊ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၀ရွာ ထက်မနည်းမှ အရပ်သား ၆ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပခုက္ကူ တပ်မ ၁၀၁ နဲ့ ရေစကြိုတပ်ရင်း စစ်အုပ်စုတွေက မြို့တောင်ပိုင်းကျေးရွာတွေကို ကုန်းကြောင်း လေ​ကြောင်းတွေနဲ့ စစ်​ကြောင်းထိုးဝင်ရောက်ရင်း ဗလဘရွာကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆန့်ကျင်ကြောင်းနှင့် (လုံးဝ)ခွင့်မပြုကြောင်း ကော့သောင်းမြို့နယ် ပကဖ ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆန့်ကျင်ကြောင်းနဲ့ လုံးဝ ခွင့်ပြုမှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သဘောထား ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ငလျင်ကြောင့် အဆောက်အဦး ၈ သောင်းကျော် ပျက်စီးခဲ့ဟု စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံတစ်၀န်း အင်အားပြင်းငလျင်ကြောင့် အဆောက်အဦး စုစုပေါင်း ၈ သောင်းကျော်အထိ ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) က ထုတ်ပြန်ပါတယ်။