အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်၊ စျေးချိုမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၃ရက် မနေ့က မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုနန်းလင်း(ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)နဲ့ မြို့နေလူထု ပါဝင်ခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ ပြင်ဦးလွင်နဲ့ မန္တလေးဘက်ကို ရောက်ရှိနေချိန် အခုလိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ❝ ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့❞ ဆိုပြီး ကိုတေဇာဆန်းက ဟစ်ကြွေးခဲ့ပါတယ်။

ကိုတေဇာဆန်းက “ကျနော်တို့တွေအားလုံး အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ရှေ့လျှောက်မှာ ပိုပြီးတော့ သန်မာကြမယ်၊ ပိုပြီးတော့ စုစည်းကြမယ်၊ ပိုပြီးတော့ အလုပ်လုပ်ကြမယ်” လို့လည်း သူ့ရဲ့လူမူကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးနဲ့ စစ်အုပ်စုက အခု အတင်းအဓမ္မ ပြင်ဆင်နေတဲ့ “ရွေးကောက်ပွဲ” ဟာ အတုအယောင်ဖြစ်ရုံမက ထောင်ခြောက်ဖြစ်ကြောင်း၊ လူထုတရပ်လုံးပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ပြုလုပ်ကြဖို့လည်း နှိုးဆော်တိုက်တွန်းခဲ့ကြပါတယ်။
ဒေါက်တာတေဆန်းရဲ့ ဆန္ဒပြမတိုင်ခင်ကလည်း မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လမ်းကြောင်းအတွက် ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေအပါအဝင် လက်ပက်နီစွမ်းအားရှင်တွေပါ မြို့အနှံ့ လုံခြုံရေးယူခဲ့ကြောင်း သိရပါတယ်။

ဒီလိုမျိုး လုံခြုံရေးယူထားတဲ့ကြားက ဆန္ဒပြပွဲဖြစ်သွားတဲ့အပေါ်လည်း စစ်အုပ်စုက ဒေါက်တာတေဇာဆန်းနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်ဖို့ အသည်းအသန်လိုက်ရှာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“စျေးထဲ စာကြဲသွားပြီးတဲ့နောက်ပိုင်း အသဲအသန်လိုက်နေကြတယ်။ အရပ်ဝတ်တွေနဲ့ပါ စောင့်နေကြတယ်။ ဆန္ဒပြတဲ့အထဲ ပါတဲ့သူတွေ ဆိုင်ကယ်နံပါတ်တွေကနေ လိုက်နေတယ်လို့ ကျနော်တို့ကြားတယ်။ သူတို့ခမျာ ရွေးကောက်ပွဲအတုဖြစ်ဖို့ အတော်ရုန်းကန်နေရတာကို အခုဆန္ဒကောက်ပြသွားမှတော့ တင်းတာပေါ့။” လို့ Voice Of Mandalay တာဝန်ရှိသူကလည်း မောင်းကိုပြောပါတယ်။

သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေဟာ စစ်တပ်ဌာနချုပ်ရှိရာ မန္တလေးမြို့ပေါ်မှာ မကြာခဏဆိုသလို ဆန္ဒပြမှုတွေ လုပ်ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဇန်နဝါရီလ ပထမပတ်အတွင်း အကြမ်းဖက် စစ်တပ်မှ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်၊ လက်နက်ချ၊  စစ်သုံ့ပန်း   ၅၅ ဦး ရှိခဲ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ယောက် ရှိခဲ့တယ် လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဇန်နဝါရီ ၁၅ မှာ ထုတ်ပြန်ထား ပါတယ်။
Read More

တပ်မှ ထွက်ပြေးကာ ရွာထဲ သေနတ်ဖောက် ခြိမ်းခြောက် အရက်တောင်းသောက်သည့် ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

မုံရွာမြို့ပေါ် ပြန်ပေးဆွဲမှုဖြစ်ပွား၊ ဖမ်းဆီးသွားသည့်အဖွဲ့ သိန်း တစ်သောင်းဖြင့် ပြန်ရွေးခိုင်းဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့က သိန်းတစ်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက တပ်ခွဲအသီးသီးမှာရှိတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးနဲ့အတူ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးလူထု ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။