အာဏာသိမ်းစစ်တပ်ရဲ့ အတုအ‌ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် မန္တလေးက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်ကို ရောက်နေတာကြောင့် မန္တလေးမှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားချိန် မနေ့က ဒီဇင်ဘာ ၃ရက် မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့ကြတာပါ။ ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ကြဲကာ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ပြုလုပ်ကြဖို့လည်း ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

Southern Eagle PDF ဆေးမှူး ရဲဘော် Lightning ၏ စျာပန (ရုပ်/သံ)

ပဲခူး-ရန်ကုန် လမ်းပိုင်းတိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ဆေးမှူး Lightning ရဲ့ နာရေးစျာပနရုပ်သံကို Southern Eagle PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်နယ်ပုံရိပ် ကျဆင်းစေတဲ့ KTV ဖွင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာတွေ မလုပ်ကြဖို့ ရှေ့တန်းရောက် KNDF ရဲဘော်တွေ တောင်းဆို (ရုပ်/သံ)

ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန်နိုင်ဖို့ Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင်မှာ အခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မယ်နုအုတ်ကျောင်းကို မြင်ကွင်းရုပ်သံ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် နန်းမတော်မယ်နုအုတ်ကျောင်းရဲ့ အစိတ်အပိုင်းအများအပြား ပြိုကျပျက်စီးသွားတာကို ယခုလိုပဲ မြင်တွေ့ရပါတယ်။