ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ တပခတပ်က တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ယောက် ဖမ်းဆီးခံရပြီးနောက် စစ်ကြောင်းတွေ ခွဲထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ယောက်သေပြီး ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းမှာ သီးစား တောင်သူတွေဆီ ငွေလာကောက်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လုံခြုံရေး တပ်ခွဲ (၂) ရဲ့တပ်ကြပ်ကြီး မြင့်လွင်ကို ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း-၃၅၀၄ က လက်ရအရှင်ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီဖြစ်စဥ်အပြီး နောက်တစ်နေ့ (နိုဝင်ဘာလ ၂၆ရက်) မှာပဲ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာဘက်ကနေ အင်အား ၄၀နီးပါးနဲ့ ကွမ်းအုံကျေးရွာကိုလည်းကောင်း၊ တပခ ၆၀၄တပ်ကနေထွက်လာတဲ့ အင်အား ၈၀ ပါ ကား ၃စီး စစ်ကြောင်းဟာ တခွဲကြဲကျေးရွာကနေ စပါးရိတ်သိမ်းထားတဲ့ လယ်ကြားလမ်းအတိုင်း ကွမ်းအုံးကျေးရွာ ဝမ်းမကြီးကျေးရွာတွေဘက်ဆီ စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းတွေကို ရေတာရှည် တပ်ရင်း ၃၅၀၄ နဲ့ ရေတာရှည်မြို့နယ်ပကဖ တို့က မိုင်းကွင်းတွေပြင်ပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဟာ ၂နာရီနီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းက ၆ယောက်သေကာ၊ ၂ယောက်ထိခိုက်ခဲ့ကာ တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအပြီး အကြမ်းဖက်စစ်သားတွေဆီကနေ အီနာဂါဗုံးသီး၁လုံး ၊ လက်ပစ်ဗုံး၂လုံး၊ အီကွေးမန့် ၂ခု၊ MA11ကျည်ဘောက် ၁ခု ၊ ဦးထုပ် ၂လုံးနဲ့ ၅.၅၆ကျည် ၈၉တောင့်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

“လက်ရှိတော့ စစ်ကြောင်းက ပြန်ဆုတ်သွားပါပြီ” လို့ ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နိုဝင်ဘာလ ၂၅ရက်နေ့က ဖမ်းဆီးရမိတဲ့ တပ်ကြပ်ကြီးမြင့်လွင်ဟာ စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်က စစ်တပ် မတရားသိမ်းပိုက်ထားတဲ့ တပ်ပိုင်မြေတွေမှာ သီးစားလုပ်ကိုင်နေသူတွေကို ပိုက်ဆံလာကောက်ရင်း နဲ့ PDF ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး အရေးယူခံရဖို့ ရှိနေပါတယ်။

ပုံစာ – ရေတာရှည်တွင် စစ်တပ် တပ်ကြပ်ကြီး PDF ဖမ်းဆီးခဲ့စဥ်နှင့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

မူးယစ်ဆေးစွဲနေသူတွေ MLA ထံ လာရောက်ပြီး မူးယစ်ဆေးဖြတ်နိုင်

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအနေနဲ့ မူးယစ်ဆေးစွဲနေသူတွေမူးယစ်ဆေးဖြတ်ချင်ရင် သူတို့တပ်ဖွဲ့ထံကိုဆက်သွယ်ပြီး မူးယစ်ဆေးဝါး လာရာက်ဖြတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဟန်ပြရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် ကြေညာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

စစ်ဘေးရှောင် သောင်းချီရှိနေတဲ့ ရေဦးမှာ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တို့ လိုအပ်နေ

ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အနွေထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ထံက သိရပါတယ်။