ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။

JFM ဟာ အာဏာသိမ်း အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဆိုပါ စစ်အုပ်စုကို ဝင်ငွေလမ်းကြောင်းဖြတ်တောက်ရေးတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်တင်ပြနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ JFM ကိုယ်စား ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ဂရက်တာ သွန်းဘာ့ဂ်က ဆုလက်ခံရယူခဲ့ပါတယ်။

ဂရက်တာ သွန်းဘာ့ဂ်က မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ်ပေးဆပ်ရမှုတွေအကြောင်း ပြောရင်း နောက်ဆုံးမှာ “ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ကော့မြစ်ရေညစ်ညမ်းမှုကိစ္စ မြန်မာနှင့် ဆွေးနွေးရန် ထိုင်းဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ကော့မြစ်အတွင်း အာဆင်းနစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့်သတင်းပတ်ထဲ စေလွှတ်မယ်လို့ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးနဲ့ ရင်ဆိုင်နေရချိန် ပြည်သူကိုအကြမ်းဖက်တိုက်ခိုကိနေလို့ ပြတ်သားစွာ အရေးယူပေးဖို့ ကုလကို တောင်းဆို

သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။