အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။

မြေကွက်ရဲ့ ဂရန်သက်တမ်းကုန်ဆုံးနေလို့ သက်တမ်းတိုးဖို့ ပြီးခဲ့တဲ့နှစ် ၇ လပိုင်းနဲ့ ၁၁ လပိုင်းတွေမှာ နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး ကိုယ်စားလှယ်လွှဲစာ ၂စောင်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေဆီ လွှဲပြောင်းပေးထားခဲ့ပြီးနောက် အခုလို မြေကွက်ရောင်းချမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့ ၇ ရက်အတွင်း လာရောက်ဖြေရှင်းဖို့ မြင့်ဆွေရဲ့ ဇနီးဖြစ်သူက တောင်းဆိုထားပြီး လာရောက်မဖြေရှင်းဘဲ ရှောင်တိမ်းနေရင် အားလုံးကို အရေးယူသွားမယ်လို့ သတင်းစာမှာ ဒီနေ့ ကြော်ငြာထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တာယာမြင့်ဆွေဟာ ကွယ်လွန်သူ ယာယီသမ္မတမြင့်ဆွေရဲ့ သမီးဖြစ်သူ ဒေါ်ခင်သက်ထားဆွေရဲ့ ခင်ပွန်းဖြစ်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခေတ္တနေထိုင်နေတယ်လို့ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်း ဆီးခဲ့သူတွေထဲမှာ ပါဝင်သူအဖြစ် ကွယ်လွန်သူ မြင့်ဆွေကို အကြမ်းဖက်သမားအဖြစ် အမျိုးသား ညီညွတ်ရေးအစိုးရက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြင့်ဆွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်အပါအဝင် ယာယီသမ္မတ တာဝန် အထိ တာဝန်အဆင့်ဆင့်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး အခုနှစ် ဩဂုတ်လ ၇ ရက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ညောင်ရွှေ၊ ရေပူကျေးရွာကို စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ယန်းပိုင်းကျေးရွာကို စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF အမှတ် ၃ စစ်ကြောင်းမှ ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ အမှတ် ၃ စစ်ကြောင်းက ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ကမကထပြု လှူဒါန်းသည့် မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ၊ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံတက်နေတဲ့ မီးဖွားပြီးခါစ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့သလို ဆေးရုံရဲ့ အဆောက်အဦး ၃လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။