လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်အတွက် ၇၇ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့ အခွင့်အရေး” ဖြစ်ပြီး လှုပ်ရှားမှုအဖြစ် လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်း၊ အဓိပ္ပာယ်နဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ဖြစ်ပေါ်လာပုံတွေ၊ စာပိုဒ်အပါအကြောင်းအရာတွေ၊ လူတိုင်းခံစားခွင့်ရှိတဲ့ အခွင့်အရေး အမျိုးအစားတွေကို ကဏ္ဍအလိုက်ခွဲပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ နည်းလမ်းတကျ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေတွေမှာ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်တဲ့လူတွေ မဖြစ်မနေ လိုက်နာရတဲ့ စစ်သည်တော်ကျင့်ဝတ်တွေ IHL, COC တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းနဲ့အတူ လူ့အခွင့်အရေး အသိပညာပေးသင်တန်းတွေ၊ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ပါ တီရှပ် ပေးဝေတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေက လူ့အခွင့်အရေးဝေါဟာရတွေကို ပိုမိုနားလည်လာကြောင်း မှတ်ချက်ပေးခဲ့ကြသလို ပြည်သူတွေအတွက် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ် အသိပညာပေးလှုပ်ရှားမှုတွေလည်း လုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟု ဆို

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားပြီးမှ ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမှုကို လက်မခံကြတာကြောင့် ဖြူဖြူထွေး အစား အဆိုတော်ရွှေထိုက်နဲ့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ကျိုင်းတုံမြို့အနီး တစ်ရက်အတွင်း ငလျင် ၄ ခါ လှုပ်ခတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဇူလိုင် ၁၄ ရက် မနေ့ကတစ်ရက်အတွင်း ရစ်ချက်တာစကေး ၄ နဲ့အထက် ပြင်းအားရှိ ငလျင် ၄ ခါလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် စစ်ရှောင်နဲ့ဒေသခံပြည်သူတွေအတွက် NUG အစိုးရမှ အာဟာရနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ချောင်းဦး၊မြင်းမူ စတဲ့မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရကျွေးမွေးမှုနဲ့ထောက်ပံ့ကူညီမှုတွေကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

နတ်အိမ်တောင် နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တပ်ခွဲမှူးတစ်ဦးအပါ ၄ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

မြိတ်-ထားဝယ်ခရိုင်၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင် နယ်စပ်စစ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စု နဲ့ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်တို့ ၂ ရက်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။