ကရင်နီပြည်၊ လွိုင်ကော်တိုက်ပွဲမှာ KNDF အမှတ် (၁၄) တပ်ရင်းက တပ်စုမှူးတစ်ယောက် ကျဆုံးသွားတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းမှာ တပ်စုမှူးအဖြစ် စစ်မှုထမ်းဆောင်နေတဲ့ ခူးလောရယ်ဟာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရင်း နိုဝင်ဘာ ၃၀ ရက်နေ့ ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တပ်စုမှူး ခူးလောရယ်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါ တယ်။ တပ်စုမှူး ခူးလောရယ်ဟာ တိုင်းပြည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် သူ့အသက်ကိုပေးဆပ်သွားတဲ့အပေါ် KNDF တပ်ဖွဲ့ဝင်တွေက ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်းလည်း ပြောဆိုထားပါတယ်။

“ကျသွားတာ လွိုင်ကော်မြို့တစ်နေရာကတိုက်ပွဲမှာကျသွားတာပါ ၊ သူ့ကိုတော့ ၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေနေကတော့ တင်းမာနေဆဲပါပဲ” လို့ KNDF အမှတ် (၁၄) တပ်ရင်း တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စုမှူး ခူးလောရယ်ဟာ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ KNDF အမှတ် (၁၄) တပ်ရင်းကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး တပ်ဖွဲ့ထဲ ဝင်ရောက်ချိန်မှာ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ တပ်စုမှူးတစ်ယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား ခူးဟားရယ်ဟာ စစ်ကော်မရှင်တပ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု ရှိနေသည့် အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကြောင်း တောကျီးကန်း (၇) ကောင် တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။