ကရင်အမျိုးသားအစည်းအရုံး KNU သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းလက်ပံ ကျားဖြန့်ခြံဝင်းထဲရှိ နိုင်ငံခြားသားတွေကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေရာမှာ ခြံဝင်းအတွင်းက မထွက်ခွာလိုဘူးလို့ အတိအလင်းထုတ်ပြောလာသူ ၁၀၀၀ နီးပါးရှိပြီး အများစုမှာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ KNU က မနေ့က ထုတ်ပြန်ပါတယ်။

KNU သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ မင်းလက်ပံ ကျားဖြန့်ဧရိယာ Shunda Park scam ခြံဝင်းနေရာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံနယ်ခြားစောင့်တပ်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်း အထန်ထိုးစစ်ဆင်နေပြီး လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် လုံခြုံရေး အခြေအနေဟာ ပိုမိုဆိုးရွားလာနေတာမို့ ခြံဝင်းအတွင်းရှိ နိုင်ငံခြားသားတွေကို ဘေးလွတ်ရာ ပို့ဆောင်ပေးနေတယ်လို့ KNU က ဆိုပါတယ်။

အဲဒီလိုရွှေ့ပြောင်းပေးနေရာမှာ ခြံဝင်းအတွင်းကနေ မထွက်ခွာလိုဘူးလို့ အတိအလင်းဖြေကြားခဲ့သူ အမျိုးသား ၈၉၂ ယောက်၊ အမျိုးသမီး ၅၀ ယောက် စုစုပေါင်း ၉၄၂ ယောက်ရှိခဲ့ပြီး အမျိုးသမီး ၁၁ ယောက်ကလွဲရင် ကျန်တဲ့အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“မင်းလက်ပံဒေသ၏ လုံခြုံရေးအခြေအနေများသည် အချိန်နှင့်အမျှ လျင်မြန်စွာ ပိုမိုဆိုးရွားလာသည်ဖြစ်ရာ ကေအန်ယူအနေနှင့် လက်ရှိ Shunda Park scam ခြံဝင်းအတွင်း ကျန်နေသေးသော၊ ၎င်းခြံဝင်းမှ ထွက်ခွာရန် ဆန္ဒမရှိသူများ၏ ဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်ရန် အလွန်ပင် ခဲယဉ်းလာမည်ဖြစ်သည်။ မိမိတို့အနေနှင့် မြေပြင်မှ အရပ်သားဝန်ထမ်းများနှင့် စစ်ဘေးဒဏ်သင့်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို အဓိကထား ဦးစားပေးဆောင်ရွက်ရမည့်  အခြေအနေသို့ မဖြစ်မနေ ရောက်ရှိလာမည်ဖြစ်သည်” လို့ KNU က ထုတ်ပြန် ဖော်ပြပါတယ်။

အဆိုပါ ခြံဝင်းအတွင်းကနေ မထွက်ခွာလိုဘဲ ဆက်လက်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အစားအစာ ပြတ်လပ်မှုရှိနေတာမို့ လက်ရှိမှာ KNU က စားသောက်ရေးအတွက် ထမင်းဘူးတွေ ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ Shunda Park scam အွန်လိုင်းလိမ်လည်လောင်းကစားခြံဝင်းအတွင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တဲ့ တရုတ်နိုင်ငံသားအမျိုးသမီးနဲ့ သူ့ရဲ့ ကလေးငယ်အပါအဝင် ၇၅ ဦးကို နိုဝင်ဘာလ ၃၀ ရက်မှာ ဘေးလွတ်ရာ သောင်ရင်းမြစ်ကမ်းဘက်ဆီ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကာ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ သောင်ရင်းမြစ်ကမ်းမှာ သောင်တင်နေတဲ့ နိုင်ငံခြားသားစုစုပေါင်း ၄၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေ ဆီလွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်သလို လက်ရှိမှာ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေရဲ့ လက်ခံမှုကို စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ၁၇၇ ယောက် ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ Shunda Park scam အွန်လိုင်းလိမ်လည်လောင်းကစားခြံဝင်းထဲကနေ မြန်မာလူမျိုး ၁၃၀၀ ကျော်ကိုလည်း ဘေးလွတ်ကင်းရာ ရွှေ့ပြောင်းပေးနိုင်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကျည်ဆံတွေ ထိုင်းနိုင်ငံဘက်ခြမ်းကိုကျရောက်လို့ မြန်မာစစ်ဘေးရှောင်တချို့ ထိခိုက်ဒဏ်ရာရပြီး ထိုင်းစစ်တပ်က မီးကျည်ပစ်ဖောက် သတိပေးထားခဲ့ရတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကျိုက်မရောမှာ ကောက်ယူရရှိသည့် စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲတာကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကောက်ယူရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲရာက အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးက အိုးဝေသမားတစ်ယောက် လူရော အိုးဝေပါ ပျောက်ဆုံးနေ

မန္တလေးမြို့၊ မဟာအောင်‌မြေမြို့နယ်မှာ နေထိုင်တဲ့ အိုးဝေသမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းကနေ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါ ၄ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော် ပြုလုပ်ခဲ့

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ စစ်အုပ်စုက ဇီးကုန်းတိုက်နယ် ရွာ ၃ရွာကို ထပ်မံမီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာ ၃ရွာကို ထပ်မံ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။