ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လ နိုဝင်ဘာ ၁၀ ရက်နေ့က လွိုင်ကော်မြို့ ကုန်းပေါင်းကျေးရွာကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လမ်းပိုင်းတနေရာအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ထုတ်ပြန်ထားတာပါ။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်

0 Shares:
You May Also Like
Read More

တောင်သာလမ်းပိုင်းတွင် စစ်တပ်ကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မလိုင်ကနေ တောင်သာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ရတယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး PDF အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်း မှတ်တမ်းပုံရိပ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းသား သင်တန်းသူတွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေနဲ့ သင်တန်းဆင်းပုံရိပ်တွေကို မန္တလေး PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမြို့ လူနေရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ ‌နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ (စက်တင်ဘာ ၁၉ရက်) မနက် ၃ နာရီဝန်းကျင်ခန့်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ-၁၂ လက်အောက်ခံ ခမရ(၃၅၅) တပ်သား- ဒိုင်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''ဘိတ်မြို့မှာ အလုပ်လုပ်ဖို့ တက်လာတာ။ တက္ကစီသမားတစ်ယောက်နဲ့တွေ့ပြီး ကျနော့်ကို အလုပ်ပေးမယ်ဆိုပြီး ပေါ်တာဆွဲခံရတာ။ သူတို့လုပ်ရပ်တွေ မကြိုက်လို့ အလင်းလာဝင်တာ။ လူငယ်တစ်ယောက်ကို ဖမ်းပြီးခေါ်တယ်။ မိဘတွေ မျက်ရည်ကျ‌အောင်လုပ်တယ်။ ဒါကြောင့် ကျနော်ပြေးလာတယ်။ ပြေးလာတဲ့ ရည်ရွယ်ချက်က အလင်းဝင်ပြီး လက်နက်ကိုင် သူတို့ကို ပြန်တော်လှန်မယ်လို့ ဆုံးဖြတ်ချက်နဲ့ ပြေးတာ''
Read More

ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿန်အနီးရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၂ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿန်အနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။