မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်းက ရဲဘော် ၃ယောက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း ABSDF Column – 3 က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ၃ ယောက်ကတော့ ရဲဘော် စိန်မြင့်လွင် (ခ) ဖိုးလွင် (တပ်စုမှူး)၊ ရဲဘော် ဇော်ဇော်ဦး (ခ) မှိုင်းမှိုင်း နဲ့ ရဲဘော် နိုင်လင်းစိုး (ခ) ညှပ်စိတို့ဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် စိန်မြင့်လွင် (ဓာတ်ပုံ ABSDF Column – 3)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ Chinland Council ဦးဆောင်တဲ့ စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ချေမှုန်းရင်း ABSDF က ရဲဘော် ၃ ယောက် ကျဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းသားတပ်မတော်က ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ အဆိုပါ ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနဲ့ ကျဆုံးရဲဘော်တွေအတွက် မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရသလို စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲဘော် ဇော်ဇော်ဦး (ဓာတ်ပုံ ABSDF Column – 3)
ရဲဘော် နိုင်လင်းစိုး (ဓာတ်ပုံ ABSDF Column – 3)
0 Shares:
You May Also Like
Read More

KIA ဌာနချုပ် ဗိုလ်သင်တန်း‌ကျောင်းမှာ ကျဆုံးခဲ့တဲ့ AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကဗိုလ်သင်တန်း‌ကျောင်းမှာ စစ်တပ်​ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးအတွက် လူငယ်တွေ ဝိုင်းဝန်းအားဖြည့်ပေးဖို့ MSFC တိုက်တွန်း

"ပြည်တွင်း၊ ပြည်ပနဲ့ တခြားဒေသတွေမှာ လူငယ်တွေ အများကြီးပြန့်ကျက်နေတယ်လို့ ကျွန်တော်ကြားရတယ်။ မွန်ပြည်နယ်က လူတွေလည်းပါတယ်။ ဒါကြောင့် အချိန်တွေ အလဟဿ မဖြစ်ဖို့ရယ်၊ ကိုယ့်အသက်အရွယ်ရှိတုန်း… သန်စွမ်းတုန်းမှာ အတတ်နိုင်ဆုံး တော်လှန်ရေးတာဝန်ကို ထမ်းပေးဖို့ပေါ့နော်။ အဲ့မှာလည်း စစ်ရေးချည်းပဲတော့ မဟုတ်ဘူး… တခြားနည်းပညာပိုင်းဆိုင်ရာမှာလည်း ပေးနိုင်တယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း တာဝန်ဝင်ယူလို့ရပါတယ်။ လူငယ်တွေ ဒီနေရာမှာ တာဝန်ဝင်ယူကြပေးဖို့ လိုပါတယ်။” လို့ MSFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။
Read More

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ယောက်အပါ ဒေသခံ (၃) ယောက် သေဆုံး၊ (၁၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ယောက်အပါအဝင် ဒေသခံ (၃) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မှာ ရွာကင်းစခန်းနား ထောင်ထားတဲ့ မိုင်းတွေနင်းမိလို့ ပျူစောထီး မိန်းမ ၁ ဦး သေ၊ ၁ ဦး ခြေထောက်ပြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ပျူစောထီးရွာ ကင်းစခန်းအနီး ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲလို့ ပျူစောထီးအမျိုးသမီး ၁ယောက်​သေဆုံးကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF ရဲ့ ကျားဇိုးက မောင်းကိုပြောပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။