အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က ဂျပန်နိုင်ငံရှိ ဂျပန်လွှတ်တော်အမတ်များရုံးမှာ ကျင်းပတဲ့ ဂျပန်လွှတ်တော်အမတ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

“ဂျပန်နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို ထင်မှတ်စေတာဖြစ်တဲ့ အာဏာသိမ်း စစ်အုပ်စုပြင်နေတဲ့ ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်း အသိအမှတ်မပြုကြောင်း ကြေညာချက် စာထုတ် ဖော်ပြပေးဖို့ တောင်းဆိုလိုပါတယ်“ လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့လက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပေါ် မြန်မာပြည်သူတွေရဲ့ သဘောထားစစ်တမ်းကို ကောက်ယူရာမှာ မြို့နယ် ၂၇၁ မြို့နယ်ရှိ ပြည်သူတွေကိုမေးမြန်းထားချက်အရ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တာ ၉၉ ရာခိုင်နှုန်း၊ စစ်တပ်ရွေးကောက်ပွဲအတုငြင်းပယ်တာ ၉၈ ရာခိုင်နှုန်းနဲ့ ရွေးကောက်မှာမဲမထည့်တာ ၉၆ ရာခိုင်နှုန်းရှိတယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ စစ်တပ် စီစဉ်နေတဲ့ ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို မကျော်လွှားနိုင်ဘဲ မြန်မာ့အကျိုးစီးပွား၊ ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တယ်လို့ ဆက်လက်ပြောဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုမဟုတ်တဲ့ လမ်းကြောင်းကနေ လူသားချင်း စာနာထောက်ထားမှုတိုးမြှင့်ပေးဖို့၊ ဆိုက်ဘာငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ NUG နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်အုပ်စုထောက်ခံသူတွေကို စီးပွားရေးပိတ်ဆို့အရေးယူပေးဖို့နဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကို ဆက်ပြီးလက်ခံထားပေးဖို့ တောင်းဆိုကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှုကြောင့် နျူကလီးယားတားမြစ်ရေးဆိုင်ရာ လုပ်ငန်းများတွင် မြန်မာ ပါဝင်ဖို့ နှောင့်နှေးပျက်ပြယ်ခဲ့ရ

မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့အတူ နျူကလီးယားလက်နက်များ တားမြစ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ပြီးမှ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းစဉ်တွေ နှောင့်နှေး ပျက်ပြယ်ခဲ့ရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

မောင်မောင်လွင်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် မန်ယူကို အာဆီယံအသင်း အနိုင်ရ

မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီယနေ့ မေလ ၂၈ ရက်ညပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆီယံလက်ရွေးစင်အသင်းတို့ ပွဲစဥ်မှာ အာဆီယံလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆီယံအသင်း အနိုင်ရသွားခဲ့ပါတယ်။
Read More

တရုတ်ကျားဖြန့်အလုပ်သမား ၃၀၀ ကျော်ကို ထိုင်းကတဆင့် တရုတ်ကိုနေရပ်ပြန်ပို့

မြန်မာကကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လိမ်လည်အလုပ်သမား ၃၀၀ ကို ထိုင်းကတဆင့် တရုတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၁ ရက် သောကြာနေ့က လွှဲပြောင်းပေးခဲ့ပါတယ်။
Read More

ဂျပန်နိုင်ငံ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲတွင် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် မြန်မာ့အရေး အားပေးစကားပြောကြားခဲ့… (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲကို ဂျပန်နိုင်ငံ ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်းက နှစ်သစ်နှုတ်ခွန်းဆက်စကားနဲ့ မြန်မာနိုင်ငံအရေးအတွက် အားပေးစကားပြောကြားခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရန် တရုတ်ကို NUG တိုက်တွန်း၊ မင်းအောင်လှိုင်ကို စစ်ရေးပြအခမ်းအနား ဖိတ်ကြားမှု မြန်မာပြည်သူများ၏ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေဟု ဆို

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။