စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁ ရက်က မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ လက်နက်ကြီးတွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myaung Drone Force MDF နဲ့အတူ မြင်းမူမြို့နယ် ပ.က.ဖ. ၊ SDDF စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့၊ HAWK GUERRILLA FORCE၊ ဧရာမြွေပွေး NZN၊ JUSTICE WARRIORSတပ်ဖွဲ့နဲ့ Revolutionary Air Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတော်ရွာအနီး လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့  ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဖားကန့်မြို့နယ် မှော်တောင် ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်တောင်း၊ ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။
Read More

ဖားကန့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဧပြီ ၁၂ ရက်က ဖားကန့် KPDF ရဲဘော်တွေ သင်္ကြန်သံချပ်ထိုးပြီး တော်လှန်သင်္ကြန်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းမှုအတွင်း ရဲ ၈ ဦး သေပြီး ၂ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ရဲ ၈ ယောက် သေဆုံးပြီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။