မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ လုပ်ဆောင်ထားပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းအချက်အလက်အရ စစ်တပ်အာဏာသိမ်းစကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း ၄၂၀၀ ကြောင့် သေဆုံးသူ စုစုပေါင်း ၄၄၇၀ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ ၁၈ နှစ်အောက် ကလေးသူငယ် ၈၇၆ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၄၁၀ ကျောင်း၊ ဆေးရုံဆေးခန်း ၁၃၉ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၂၁ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ လေယာဥ်၊ ဒရုန်း၊ Paramotor နဲ့ Gyrocopter စသဖြင့် အသုံးပြုမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လတာအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ ကျော် ရှိခဲ့ပြီး ပြည်သူ ၁၄၈ ယောက် သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် တရားမဝင် ရွေးကောက်ပွဲကို အတင်းအကြပ် ကျင်းပဖို့ ပြင်ဆင်နေသလို တဖက်မှာလည်း အကြမ်းဖက်မှုတွေကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေပြီး အကြမ်းဖက်မှု အရေအတွက် ကိန်းဂဏန်းတွေဟာ လပိုင်းအတွင်း မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူများအနက် ထက်ဝက်ကျော် ပျက်ကွက်၊ မြို့နယ် ၃ ခုတွင်သာ စစ်ကောင်စီ စာမေးပွဲကျင်းပနိုင်

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူဖို့ရှိတဲ့ လူဦးရေထက် ထက်ဝက်ကျော် ပျက်ကွက်ခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲများ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်သည့်တိုက်ပွဲများနှင့် လူသိများသူ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးကြောင်း ULF စစ်ကြောင်း အတည်ပြုထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ရှေ့တန်းတစ်နေရာမှာ လေကြောင်းဒဏ်သင့်ပြီး ကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းရဲ့ ခေါင်းဆောင်မှု ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေအပေါ် ကမ္ဗည်းမော်ကွန်းတင်ပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Union Liberation Front - ULF စစ်ကြောင်း က စက်တင်ဘာလ ၁၃ရက်(ဒီနေ့) နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကြောင့် ချင်းမှာ ၄ နှစ်အတွင်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရ

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် အလစ်အငိုက် ချေမှုန်းခံရပြီး အယောက် ၃၀ နီးပါးသေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ တပ်ကြပ်အဆင့် စစ်သုံ့ပန်းတစ်ယောက်လည်း ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ မြို့တောင်ဘက်ပိုင်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ရင်းတွေကို ဟန့်တားတိုက်ခိုက်ရင်း စစ်ကောင်စီတပ်သား ၃၀ခန့်ကို ချေမှုန်းနိုင်ခဲ့သလို သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။