မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂ရက်၊ ဒီနေ့မှာ ပခုက္ကူခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ် (Local) တွေဖြစ်တဲ့ GOD OF MYAING နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့ဟာ အညာမြေတပ်ပေါင်းစုထဲ လက်မှတ်ရေးထိုးပြီး ပူးပေါင်းလာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတပ်ဖွဲ့၂ခုဟာ အညာမြေတပ်ပေါင်းစုထဲက M.U.G.D.F ၊ JAMESBOND ၊ TSDNGF ၊ ဇာမဏီပြောက်ကျား၊ ဒို့ညီနောင်ပြောက်ကျား စတဲ့ တပ်ဖွဲ့တွေနဲ့ အတူလက်တွဲပြီး စစ်ရေးဖော်ဆောင်မှုတွေကို စုစည်းကျစ်လျစ်မှုအပြည့်နဲ့ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကတော့ ဒီပေါင်းစည်းမှုကြောင့် အညာမြေတပ်ပေါင်းစုထဲ အဖွဲ့၇ဖွဲ့ ပါဝင်လာခဲ့ပြီး ၇ဖွဲ့စလုံးဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရင်း ဖက်ဒရယ်ဒီမိုကရေစီ အရောက်သွားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“အခုလိုအညာမြေတပ်ပေါင်းစုထဲ တပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းလာတော့ နံပါတ် ၁ ပိုပြီးထိရောက်တဲ့ မစ်ရှင်တွေ ဖော်ဆောင်လာနိုင်မယ်။ စကမကို ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်မယ်။ အဖွဲ့အချင်းချင်းကြား ညီညွတ်ပြီး သဘောထားကွဲလွဲမှုတွေ မရှိစေရဘူး။ တော်လှန်ရေးမှာ ဒီ‌လိုပေါင်းစည်း အပြန်အလှန်ထိန်းကျောင်းရင်းနဲ့ပဲ ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ အခုလိုပေါင်းစည်းကြတာပါ။” လို့ ကိုဘိုလိုသန့်ဇင်က မောင်းကိုပြောပါတယ်။

အခုကြေညာချက်ဟာ စစ်အာဏာရှင် ကျဆုံးချိန်အထိ အတည်ဖြစ်ကြောင်းနဲ့ ကြေညာချက်ထုတ်တဲ့နေ့ကစပြီး စစ်ရေးအရှိန်မြှင့်သွားမယ့်အကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အညာမြေတပ်ပေါင်းစုအနေနဲ့ ဒရုန်းစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ လူငယ်နည်းပညာကျွမ်းကျင်သူတွေနဲ့ ဒရုန်း Team တစ်ခုကို ဖွဲ့စည်းခဲ့ပါသေးတယ်။

အညာမြေတပ်ပေါင်းစုဟာ ပခုက္ကူခရိုင်အတွင်းက မြိုင်၊ ပေါက်နဲ့ ပခုက္ကူ၊ ကမ္မဒေသတွေမှာ အဓိက စစ်ရေးလှုပ်ရှားပြီး ဝက်ပုတ်၊ သရက်ကွနဲ့ ရေလာလေးပျူရွာစခန်းတွေသိမ်းပိုက်မှုမှာ အဓိကပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

ရတနာပုံတပ်ဦးနှင့် ၉/တွဲလက်များ ထောက်ပို့အင်အားစုတို့ ပူးပေါင်းပြီး စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများကို အခမဲ့ဆေးဝါးကုသပေးခဲ့ (ဓာတ်ပုံသတင်း)

ရတနာပုံတပ်ဦးနဲ့ ၉/တွဲလက်များ ထောက်ပို့အင်အားစု တို့ ပူးပေါင်းပြီး အခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခြင်း ဒုတိယအပတ်အဖြစ် စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေကို နယ်မြေခံတိုက်နယ်ဆေးအဖွဲ့ရဲ့ ကူညီအားဖြည့်ပေးမှုနဲ့အတူ အခမဲ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

KK park ပြဿနာ နောက်ဆက်တွဲကြောင့် မြဝတီမှ ကုန်ပစ္စည်းများ သယ်ယူစားရိတ် ၅ ဆအထိ မြင့်တက်နေ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို စစ်တပ်ကနေ ဝင်စီးပြီးနောက်ပိုင်းမှာ မြဝတီကနေ ကုန်ပစ္စည်းသယ်ယူစားရိတ်တွေဟာ ၅ ဆ အထိ မြင့်တက်လာနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေထံက သိရပါတယ်။