တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက် လွတ်မြောက်လာတယ်လို့ ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၁ရက်မှာ အဆိုပါအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၁၀ယောက်၊ အမျိုးသမီး ၃ယောက်၊ စုစုပေါင်း ၁၃ ယောက် လွတ်မြောက်လာတာဖြစ်ပြီး အဲဒီထဲမှာ ပုဒ်မ ၅၀၅ (က) အပြင် တခြားသော ပုဒ်မတွေနဲ့ ကျခံနေရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ယောက်ျားလေး ၁၀ ယောက်၊ မိန်းကလေး ၃ယောက်၊ အဲဒီ ၁၃ယောက်က လွတ်လာတယ်ဆိုတာ အတည်ပြုလို့ရတယ်။ ၅၀၅ ပုဒ်မတွေအပြင် တခြားပုဒ်မတွေနဲ့ ထောင်ကျခံနေရသူတွေပါ။ အခု စစ်တပ်က ၅၀၅ ကို ပယ်ဖျက်ပေးလိုက်တာဆိုတော့ သူတို့ တခြားပုဒ်မတွေက ကျခံပြီးတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အခုလွတ်လာတဲ့သူတွေက အထဲမှာ ၁နှစ်နေတဲ့သူ၊ ၂နှစ်နေတဲ့သူ၊ ၃နှစ်နေတဲ့သူ၊ ၄နှစ်နေတဲ့သူတွေအထိ ပါတယ်” လို့ အကျဥ်းထောင်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁ရက်မှာ အကျဥ်းထောင် ၁၁ ခုကနေ နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၂၆၈ ယောက် လွတ်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ထားဝယ်အကျဥ်းထောင်ကနေ ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၅ယောက် လွတ်မြောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင် သောင်းချီရှိနေတဲ့ ရေဦးမှာ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တို့ လိုအပ်နေ

ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အနွေထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ထံက သိရပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၈ က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF/B08 က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ်ရာ တပ်ရင်းရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်မှာ တပ်ရင်းကို အကောင်းဆုံးနဲ့ ပိုပြီး နည်းစနစ်တကျ ပြန်လည်ပြုပြင်သွားမယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ထားပါတယ်။