ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ရက် ညပိုင်းက ၅၄ရပ်ကွက် လမ်းပိုင်းတွေနဲ့ တိုးချဲ့ရပ်ကွက်နေ လူငယ် ၁၀ ယောက် ထက်မနည်းကို စစ်အုပ်စုလက်ပါးစေတွေက အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ရပ်ကွက်ရုံးမှာ ညအိပ်ခိုင်းကာ နောက်တစ်နေ့မှာ စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

“တောင်ဒဂုံ၊ ၅၄ တိုးချဲ့ရပ်ကွက်ထဲမှာ တအိမ်ချင်း လိုက်ဝင်ပြီး လူငယ်တွေကို ဆွဲသွားတာ။ ကနဦးသိရသလောက် ၁၀ယောက်လောက် ပါသွားတယ်။ အဲ့ဒါ ရပ်ကွက်ရုံးမှာ ညသိပ်ချုပ်ထားပြီး နောက်နေ့ကျ မြို့နယ်ရုံးကို ပို့လိုက်တာ” လို့ Rangoon Scout Network က ပြောပါတယ်။

“အစ်မတို့သိတဲ့ ကောင်လေး ၁ယောက်ပါသွားတယ်။ အဲ့ကောင်လေးက ဉာဏ်ရည်အားနည်းတယ်။ ဒီတော့ သူ့မိဘတွေကလည်း မပါလောက်ဘူးထင်ပြီး ထားထားတာ အခုပါသွားပြီ။ မိဘတွေသိတော့ ကလေးက သင်တန်းကျောင်းရောက်နေပြီ။ ခဏပဲဖုန်းရတယ်ပြောတယ်။” လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ရပ်ကွက်နေ ပြည်သူတစ်ယောက်ကလည်း မောင်းကိုပြောပါတယ်။

၅၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်ဟာ မဘသ တစ်ယောက်ဖြစ်သလို NLD အစိုးရလက်ထက် ဘာသာရေးအကြောင်းပြ ဆူပူမှုတွေလုပ်ဆောင်ခဲ့မှုအတွက် မိုက်ကယ်ကျော်မြင့်နဲ့အတူ ထောင်ကျခဲ့ပြီး၊ စစ်အုပ်စုထောက်ခံပွဲ၊ ဘာသာရေးအဓိကရုဏ်းပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် သူအာဏာရချိန် ရပ်ကွက်ရုံးမီးရှို့ခံရမှုကြောင့် အရပ်သားတော်တော်များများ မတရား ဖမ်းဆီးထောင်ချခံခဲ့ရသလို လူငယ်တွေကိုရိုက်နှက်တာ၊ အတင်းအကျပ်စစ်မှုထမ်းပို့ဆောင်တာတွေအပြင် NLD နောက်ခံ နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်တာ၊ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေညှစ်တာတွေကို ရပ်ကွက်နေ လူမိုက်တွေ လက်သပ်မွေးပြီး လုပ်ဆောင်နေတာကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးအနောက်ပိုင်း ပျူစိုးမိုးနယ်မြေမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသက PDF တွေဆီ စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ ကို ‌စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။