စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁ရက် ညနေ ၄နာရီခွဲလောက်မှာ စစ်အုပ်စုက အမြင့်ရွာဘက် စစ်ကြောင်းထိုးဖို့အတွက် မုံရွာအုံးပင်ဆိပ်ကမ်းကနေ အောက်ဘက်သို့ စုန်ဆင်းလာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၇မိနစ်ခန့်ကြာတဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“သူတို့က မုံရွာအုံးပင်ဆိပ်ကမ်းကနေ စထွက်လာတာဗျ။ အင်အားကတော့ ၅၀/ ၆၀ လောက်တော့ရှိတယ်ဗျ။ သေဆုံးမှုတွေတော့ ရှိနိုင်တယ်။ အခုတော့ အမြင့်ရွာ ဆိပ်ကမ်းမှာ ကပ်ထားတယ်” လို့ Chindwin Fighter Group (C.F.G) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို စက်တပ်လေထီး ပျံဝဲမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နဲ့ Brave Heart Army – (B.H.A) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း  Chindwin Fighter Group (CFG) ပူးပေါင်းတပ်ဖွဲ့ဟာ မုံရွာ – မန္တလေးလမ်းပိုင်းမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ မိုင်းထောင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦး ထိခိုက် ဒဏ်ရာရရှိ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု အသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်ထားတာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်း ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ အယောက် ၄၀ နီးပါးသေဆုံး၊ သေဆုံးသူများအနက် စစ်မှုထမ်းများ အများဆုံးပါဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - ကျောက္ကာလမ်းပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်သား အယောက် ၄၀ နီးပါး သေဆုံးပြီး အများစုဟာ စစ်မှုထမ်း(ပစ) တွေဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကဝမြို့နယ် ပကဖ မှ NUG ကာကွယ်ရေးဝန်ကြီးဌာန ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များအကြောင်း (၅) ရက်တာ ဆွေးနွေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်ရဲမေတွေကို ပကဖ များ လုပ်ငန်းလမ်းညွှန်၊ ပကဖ ဖွဲ့စည်းပုံ၊ PDF တပ်ရင်း စံပြုတည်မြဲအမိန့်နဲ့ စစ်သည်တော်ကျင့်ဝတ်တွေ စတဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်တွေအကြောင်း (၅)ရက်တာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ဆန်နှင့် နမ္မတူတွင် စစ်တပ် ထပ်မံလေကြောင်းဗုံးကြဲမှုကြောင့် ၃ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၇ရက် ဒီမနက် ၈နာရီကျော်လောက်မှာ နမ္မတူမြို့ အ.ထ.က(၁) ကျောင်း ဝန်းကျင်ကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “စာသင်ကျောင်း မဖွင့်ပါဘူး။ ဗုံးကျတဲ့နေရာက အ.ထ.က ၁ ထဲ တစ်လုံး၊ စာသင်ကျောင်းအနီးမှာရှိတဲ့ အဆောက်အဦးတစ်လုံးနား ကျတာ၊ အဲ့အဆောက်အဦးထဲမှာရှိတဲ့ အမျိုးသမီး ၄ဦး ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး” လို့ နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဗန်းမော်မြို့ နာရေးဆုတောင်းပွဲ အကြမ်းဖက် စစ်တပ် ဗုံးကြဲ၍ သေဆုံးသူ ၂၂ ထိ ရှိလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာ နာရေးဆုတောင်းပွဲတစ်ခုကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့  သေဆုံးသူ  ၂၂ ယောက်ထိ ရှိလာပြီး အများအပြား ထိခိုက်ထားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။