ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို အညာမြေဒေသ တနေရာမှာ ပြုလုပ်ခဲ့ပြီး BLDF ရဲဘော်တွေအနေနဲ့ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခက်အခဲမျိုးစုံ၊ လိုအပ်ချက်မျိုးစုံကြားကနေ အခုလို ကြမ်းတမ်းတဲ့ အခြေခံစစ်သင်တန်းကို ပြီးမြောက်အောင် ဖြတ်သန်းနိုင်တဲ့ ရဲဘော်တွေအတွက် ဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ BLDF)

0 Shares:
You May Also Like
Read More

အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေခြင်း မရှိဘူးလို့ ဒေါနတပ်ရင်း အသိပေး

ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာ တစ်လအတွင်း စစ်ကောင်စီ မြို့ပေါင်း ၆ မြို့ကို လက်လွှတ်ခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့  ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
Read More

နဂါးနီစစ်ကြောင်းမှ စစ်ရေးအခြေအနေအရ မထုတ်ပြန်ခဲ့သည့် CDM တပ်ကြပ်ကြီးအပါ ကျဆုံးရဲဘော် ၅ ဦး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နဂါးနီစစ်ကြောင်း P-29903 က စစ်ရေးအခြေအနေအရ မထုတ်ပြန်ထားခဲ့တဲ့ ကျဆုံး ရဲဘော် ၅ ယောက်ကို မနေ့က ညပိုင်းမှာတော့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

“သိမ်းငှက်စစ်ဆင်ရေး”အတွင်း စစ်အုပ်စုစခန်း ၆ခု အပါ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားကို မော်လိုက် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု စခန်း ၆ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းငှက်စစ်ဆင်ရေးအဖြစ် ၂လနီးပါး တိုက်ခိုက်သိမ်းပိုက်ရင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။