မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂ရက်၊ ဒီနေ့မှာ ပခုက္ကူခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ် (Local) တွေဖြစ်တဲ့ GOD OF MYAING နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့ဟာ အညာမြေတပ်ပေါင်းစုထဲ လက်မှတ်ရေးထိုးပြီး ပူးပေါင်းလာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတပ်ဖွဲ့၂ခုဟာ အညာမြေတပ်ပေါင်းစုထဲက M.U.G.D.F ၊ JAMESBOND ၊ TSDNGF ၊ ဇာမဏီပြောက်ကျား၊ ဒို့ညီနောင်ပြောက်ကျား စတဲ့ တပ်ဖွဲ့တွေနဲ့ အတူလက်တွဲပြီး စစ်ရေးဖော်ဆောင်မှုတွေကို စုစည်းကျစ်လျစ်မှုအပြည့်နဲ့ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကတော့ ဒီပေါင်းစည်းမှုကြောင့် အညာမြေတပ်ပေါင်းစုထဲ အဖွဲ့၇ဖွဲ့ ပါဝင်လာခဲ့ပြီး ၇ဖွဲ့စလုံးဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရင်း ဖက်ဒရယ်ဒီမိုကရေစီ အရောက်သွားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“အခုလိုအညာမြေတပ်ပေါင်းစုထဲ တပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းလာတော့ နံပါတ် ၁ ပိုပြီးထိရောက်တဲ့ မစ်ရှင်တွေ ဖော်ဆောင်လာနိုင်မယ်။ စကမကို ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်မယ်။ အဖွဲ့အချင်းချင်းကြား ညီညွတ်ပြီး သဘောထားကွဲလွဲမှုတွေ မရှိစေရဘူး။ တော်လှန်ရေးမှာ ဒီ‌လိုပေါင်းစည်း အပြန်အလှန်ထိန်းကျောင်းရင်းနဲ့ပဲ ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ အခုလိုပေါင်းစည်းကြတာပါ။” လို့ ကိုဘိုလိုသန့်ဇင်က မောင်းကိုပြောပါတယ်။

အခုကြေညာချက်ဟာ စစ်အာဏာရှင် ကျဆုံးချိန်အထိ အတည်ဖြစ်ကြောင်းနဲ့ ကြေညာချက်ထုတ်တဲ့နေ့ကစပြီး စစ်ရေးအရှိန်မြှင့်သွားမယ့်အကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အညာမြေတပ်ပေါင်းစုအနေနဲ့ ဒရုန်းစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ လူငယ်နည်းပညာကျွမ်းကျင်သူတွေနဲ့ ဒရုန်း Team တစ်ခုကို ဖွဲ့စည်းခဲ့ပါသေးတယ်။

အညာမြေတပ်ပေါင်းစုဟာ ပခုက္ကူခရိုင်အတွင်းက မြိုင်၊ ပေါက်နဲ့ ပခုက္ကူ၊ ကမ္မဒေသတွေမှာ အဓိက စစ်ရေးလှုပ်ရှားပြီး ဝက်ပုတ်၊ သရက်ကွနဲ့ ရေလာလေးပျူရွာစခန်းတွေသိမ်းပိုက်မှုမှာ အဓိကပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ် (၁၇) အတွက် အင်အားစုဆောင်းမှုများ ခပ်စိပ်စိပ်ရှိလာ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။
Read More

SSLRU ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ရှမ်းတောင်ဒေသ တ‌စ်နေရာမှာ ဒီဇင်ဘာလ (၂၀) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်လေးအပါ ၆ ဦး သေ၊ ရဲနှင့် မိသားစုဝင် စုစုပေါင်း ၁၁ ဦး အရှင်ဖမ်းမိကာ သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ လျှပ်တပြက် စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှု ရှိခဲ့သလို အရှင်ဖမ်းမိတဲ့လူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်းထံက သိရပါတယ်။
Read More

ကျောက်စိမ်းမြေ ဖားကန့်ကို KIA စတင်ထိုးစစ်ဆင်နေလို့ ဒေသခံအချို့ စတင်စစ်ရှောင်

ကချင်ပြည်နယ်က ကျောက်စိမ်းမြေ ဖားကန့်ဒေသမှာ သောင်းနဲ့ချီတဲ့ မြို့ခံတွေဟာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ကို စတင်စွန့်ခွါလာပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။
Read More

ပြည်သူကို ဒုက္ခပေးနေသည့် မြစ်ကျိုးနယ်ထိန်းရဲအား ရဲစခန်းအနီးမှာပဲ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်မှာ ပြည်သူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။