ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်အုပ်စုရဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 

သံရုံးရဲ့ ထုတ်ပြန်ချက်အရ ထိုင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း ဘန်ကောက်က မြန်မာသံရုံးမှာ ကြိုတင်မဲပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

သူတို့အဆိုအရ ပုံစံ (၁၅) နဲ့ ကြိုတင်မဲပေးခွင့်လျှောက်လွှာ တင်ထားသူတွေသာ မဲပေးပိုင်ခွင့်ရှိမှာဖြစ်ကြောင်း၊ မဲပေးသူတွေအနေနဲ့ ကိုယ့်ရဲ့ မှတ်ပုံတင် မူရင်း ဒါမှမဟုတ် မိတ္တူနဲ့ နိုင်ငံကူးလက်မှတ် မူရင်းတို့ကို ယူခဲ့ရမယ်လို့ ဆိုပါတယ်။ 

နွေဦးပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ စစ်တပ် အာဏာဆက်လက် တည်မြဲရေးအတွက် ဟန်ပြစီစဉ်ထားတဲ့ အတုအယောင်အဖြစ် ရှုံ့ချထားကြပါတယ်။ 

အလားတူ ဥရောပသမဂ္ဂနဲ့ နယူးဇီလန်တို့လို နိုင်ငံတွေနဲ့ ကုလသမဂ္ဂအပါဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတနိုင်မှာမဟုတ်ကြောင်း၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ အယောင်ပြသာဖြစ်တယ်လို့ ဆန့်ကျင်ရှုံ့ချထားကြပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အဓိက နိုင်ငံရေးပါတီကြီးအများစုကို ဖျက်သိမ်း ချန်လှပ်ထားခဲ့ပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေး ကိုယ်စားလှယ်တွေအပါအဝင် နိုင်ငံရေးအရ အတိုက်အခံပြုသူ ၃၀,၀၀၀ ကျော်ကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ဘန်ကောက်တွင် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှား ဦးဆောင်ပြုလုပ်

လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၃ဦးနှင့် ဘတ်ငွေ ၄၆သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ခိုလှုံနေသည့် မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရ သဘောတူ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်မှာ မူအားဖြင့် သဘောတူလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။