မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ စစ်ကော်မရှင်တပ်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃၅ နှစ်အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှု ဘာမှမရှိဘူး။ ဒီအတိုင်း ဘလိုင်းကြီး ကြဲတာ။ ဒေသခံတွေကတော့ ရှောင်တိမ်းနေတာမျိုး ရှိတယ်” လို့ စဉ့်ကူးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က စဥ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၁၀ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်-ထားဝယ်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံးကာ ၉ ဦး ဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေး တယောက်သေဆုံးသေဆုံးခဲ့ပြီး ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို က သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရတဲ့ ပြဿနာ ကြီးထွားလာနေ…

မြန်မာနိုင်ငံတဝှမ်းမှာ ယခုလို မတည်မငြိမ်ကာလတွေအတွင်း အမျိုးသမီးငယ်တွေကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မ ရောင်းစားနေမှုဟာ စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတယ်လို့ ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) က ထုတ်ဝေထားတဲ့ “တရုတ် ဇနီးမယား အဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။