အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နဲ့ အဆိုတော် သံသာဝင်းတို့ အကျဥ်းထောင်တွေကနေ  ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။

အာဏာသိမ်းကာလအတွင်း ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ (ည) တွေ တပ်ပြီး ဖမ်းဆီးထောင်ချခံထားရသူတွေကို စစ်အုပ်စုက ပြီးခဲ့တဲ့ နိုဝင်ဘာလလကုန်ပိုင်းကစပြီး အသီးသီးပြန်လွှတ်ပေးနေခဲ့ရာမှာ အထက်ပါ နိုင်ငံရေးအကျဥ်းသားတွေလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဝါရင့်သတင်းစာဆရာ တစ်ယောက်ဖြစ်တဲ့ ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဥ်တင်ဆက်သူ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ကို စစ်အုပ်စုက ပြီးခဲ့တဲ့နှစ် ၂၀၂၁ သြဂုတ်လ ၂၁ ရက်နေ့က ဗဟန်းမြို့နယ်ထဲမှာ အတူဖမ်းဆီးခဲ့တာဖြစ်ပြီး ၄ နှစ်နီးပါးကြာချိန်မှာ ပြန်လည်လွတ်မြောက်လာကြတာပါ။

ဦးစည်သူအောင်မြင့်ကို စစ်တပ်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)တို့နဲ့ အရေးယူထောင်ချခဲ့သလို မထက်ထက်ခိုင်ကိုလည်း ပုဒ်မ ၅၀၅ (က) အပြင် မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) တို့နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

မထက်ထက်ခိုင်နဲ့အတူ သာယာဝတီအကျဥ်းထောင်မှာ ကျခံနေရတဲ့ တခြားနိုင်ငံရေးအကျဥ်းသားအကျဥ်းသူ ၈၀ နီးပါးလည်း လွတ်မြောက်လာတယ်လို့သိရပါတယ်။ ဦးစည်သူအောင်မြင့်ကတော့ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လည်လွတ်မြောက်လာသူတွေထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းတွေ ရေးသားထုတ်လွှင့်ရာမှာ အဓိကဦးဆောင်ခဲ့တဲ့ အဆိုတော် သံသာဝင်းလည်း ပါဝင်ခဲ့ပါတယ်။

သံသာဝင်းဟာ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ အကိုဖြစ်သူနဲ့အတူဖမ်းဆီးခံရပြီး ပုဒ်မ-၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရသလို ပုဒ်မ-၅၀ (ည) နဲ့ပါ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

အဆိုတော်သံသာဝင်းက အကျဥ်းထောင်ထဲ ၁ နှစ်ခွဲ နေထိုင်ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရာမှာ စိတ်ရောလူရောအသားကျဖို့ အချိန်ပေးနေရတယ်လို့လည်း သူ့ရဲ့လူမူကွန်ရက်မှာ ရေးသားထားပါတယ်။

စစ်အုပ်စုဟာ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ မတရား ဖမ်းဆီးထောင်ချထားသူ ၇၂၄ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။ 

မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားအကျဉ်းသူ ဦးရေဟာ စုစုပေါင်း ၂၆၈ ယောက် ရှိပြီး အကျဉ်းထောင် (၁၁) ခုကနေ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM က ထုတ်ပြန်ထားပါတယ်။ 

စစ်အုပ်စုဟာ ပုဒ်မ ၅၀၅ (က) နဲ့ ကပ်လျက်အမှုတွဲတွေဖြစ်တဲ့ ပုဒ်မ ၅၂(က)၊ ၁၇(၁) တို့ကို ပြန်လည်လွှတ်ပေးရာမှာ နာမည်ကြီး နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေ ပါဝင်လာခဲ့ပေမယ့် ပုဒ်မ ၁၇/၁ ကပ်လျက်အမှုတွဲသမားတွေကို ပြန်လည်ဖမ်းဆီးတာမျိုးတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

KNU နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး - KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။