ဒီမိုကရေစီစနစ် ပျက်စီးအောင် လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲက အလွန်အရေးကြီးတဲ့အတွက် စစ်အုပ်စုနဲ့ လက်တွဲညီသူကိုသာ မဲထည့်ဖို့ မရှက်မရွံ့ ပြောကြားလိုက်ပါတယ်။

မနေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေး (ဇီးပင်ကြီး) နဲ့ ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) က သင်တန်းသား၊ သင်တန်းသူတွေနဲ့ တွေ့ဆုံချိန်မှာ အခုလို မရှက်မရွံ့ မဲဆွယ်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“သင်တန်းသားသင်တန်းသူ (ဝန်ထမ်း) တွေအနေနဲ့ ဆန္ဒမဲပေးရာမှာ တိုင်းပြည်နဲ့ ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူနဲ့ စစ်တပ်က နိုင်ငံတော်တည် ရှိနေသ ရွေ့တည်ရှိနေမယ့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်လို့ စစ်တပ်နဲ့ သဟဇာတဖြစ်ပြီး လက်တွဲနိုင်သူတွေကို ဆန္ဒမဲပေးရန်လိုတယ်” လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအတုမှာ စစ်အုပ်စု စီစဥ်ထားတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) နဲ့ မဲပေးရမှာဖြစ်ပြီး အဲဒီမဲပေးစနစ်က ပယ်မဲပြုလုပ်လို့မရဘဲ ပါတီတစ်ခုခုကို မဖြစ်မနေ မဲပေးရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကနေ စစ်ဝတ်စုံချွတ်၊ အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်ချုပ်တွေကလည်း စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီထဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် အယောက် ၂၀ နီးပါး ဝင်ပြိုင်ဖို့ ရှိနေပါတယ်။ အဲဒီထဲမှာလည်း အနားယူထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ လက်ရှိ ရာထူးကြီးကြီး တာဝန်ယူထားတဲ့ ဗိုလ်ချုပ် ၁၁ ယောက်ထက်မနည်း ပါဝင်နေပါတယ်။

ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြီး တပ်နယ်မြေ ပြင်ဦးလွင်မြို့မှာ စစ်ဗိုလ်ချုပ်ဟောင်း မြထွန်းဦး၊ ကိုကိုးကျွန်းမြို့နယ်မှာ ညိုစော (လက်ရှိဝန်ကြီးချုပ်)၊ တပ်ကုန်းမြို့နယ်မှာ ဦးမောင်မောင်အုန်း (လက်ရှိ ပြန်ကြားရေးဝန်ကြီး)၊ ဥတ္တရသီရိမြို့နယ်မှာ ဦးတင်အောင်စန်း (လက်ရှိသမ္မတရုံးဝန်ကြီးဌာန ၁ ဝန်ကြီး) တို့ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လက်အောက်ခံ ဗိုလ်ချုပ်တွေကို မဲပေးဖို့အတွက် အခုလို လှည့်လည် မဲဆွယ်နေတာဖြစ်ပြီး ဇီးပင်ကြီးနဲ့ ဝန်ထမ်းလေ့ကျင့်ရေးကျောင်းက ဝန်ထမ်းတွေကိုလည်း စစ်အုပ်စုကိုသာ မဲပေးဖို့ စည်းရုံးပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေ လက်မခံတဲ့ ၂၀၀၈ ခြေဥအရ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ၂၅ % နေရာပေးထားရတဲ့အပြင် မင်းအောင်လှိုင်လက်ထက်မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ တင်းကြပ်တဲ့ စည်းမျဥ်း ကန့်သတ်ချက်တွေကြောင့် စစ်ဗိုလ်ချုပ်အများအပြား ပါဝင်နေတဲ့ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမစခင်မှာပဲ အနိုင်ရထားမှုတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရသူတွေကို CDF – Mindat ရဲ့ စစ်ဦးစီးချုပ် လိုက်လံကြည့်ရှုအားပေးခဲ့…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) ရဲ့ စစ်ဦးစီးချုပ်က လိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့ CDF - Mindat က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာ နမခ တပ်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား၂ဦးကို မုံရွာ ပကဖ စစ်​ဆေးနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်နယ် ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိပြီး မုံရွာ ပကဖ ထံအပ်နှံခဲ့တယ်လို့ CHU PDF သတင်းနှင့် ဆက်သွယ်ရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်အစည်းအဝေး ပြုလုပ်၊ လူငယ်နှင့် နိုင်ငံရေးအခန်းကဏ္ဍ၊ လူငယ်နှင့်တော်လှန်ရေး အခန်းကဏ္ဍ၊ လူငယ်နှင့်အမျိုးသားရေးအခန်းကဏ္ဍများ ဆွေးနွေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင်မှာ ဇူလိုင်လ(၁၀)ရက် မနေ့က မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စီပါရွာ ဖြစ်ရပ်ဆိုးဟာ စစ်ရာဇဝတ်မှုမြောက်လို့ ICC ကတဆင့် စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။
Read More

ပေါက်မှာ စစ်ရှောင်သံဃာတစ်ပါးနဲ့ အရပ်သား၂ယောက်ကို စစ်အုပ်စုက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။