စစ်ကော်မရှင်က ပုဒ်မ ၅၀၅ (က) တွေကို လွတ်ငြိမ်းခွင့်ပေးချိန်မှာ လွတ်လာတဲ့ ပုဒ်မ ၁၇/၁ ကပ်လျက်အမှုတွဲသမားတွေကို စစ်တပ်က ပြန်လည်ဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မဝတီဝင် ကိုသိုက်ထွန်းဦးထံက သိရပါတယ်။

စစ်အုပ်စုဟာ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုပြီး ပုဒ်မ ၅၀၅ (က)နဲ့ မတရား ဖမ်းဆီးထောင်ချထားသူ ၇၂၄ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ပြန်လွတ်လာသူတွေထဲမှာ ၅၀၅ (က) အမှုအပြင် ကပ်လျပ်အမှုတွဲ ချခံရတဲ့ ၅၂(က)၊ ၁၇/၁ ပုဒ်မတို့နဲ့ အကျဉ်းချခံထားရသူတချို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ၁၇/၁ ပုဒ်မတွေကိုတော့ စစ်တပ်ဟာ လွှတ်ပေးပြီး ထောင်ရှေ့မှာတင် ပြန်လည်ဖမ်းဆီးနေတယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

“၁၇/၁ တွေကို လက်ရှိ ကနဦးမှာ စစ်တပ်က ပြန်ဖမ်းနေတဲ့ အခြေအနေဖြစ်တယ်လို့တော့ ပြောထားပါရစေ၊ တောင်ရှေ့ဗူးဝမှာတင် ပြန်ဖမ်းတာမျိုးဖြစ်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားအကျဉ်းသူ ဦးရေဟာ ၂၆၈ ယောက်ရှိပြီး အကျဉ်းထောင် (၁၁) ခုကနေ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

ကိုသိုက်ထွန်းဦးက “၅၂ (က) နဲ့လည်း တချို့တွေ လွတ်လာတာရှိပါတယ်။ ဒါပေမယ့် လူနည်းစုဖြစ်တယ်လို့တော့ ကျနော်တို့ကတော့ သုံးသပ်ပါတယ်။ သို့သော်လည်း ဘယ်သူပဲ လွတ်လွတ်ပါ… လွတ်လာသူ ၁ယောက်အတွက် ဝမ်းသာရတယ်။ ကျနော်တို့ကတော့ နိုင်ကျဉ်းတွေ အားလုံးကို ပြန်လွတ်စေချင်ပါတယ်” လို့ ဆိုပါတယ်။

PPNM ရဲ့ ပြုစုထားတဲ့ အချက်အလက်တွေအရ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ သရက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ကျား (၄) ယောက်၊ ကလေးအကျဉ်းထောင်က ကျား (၉) ယောက်နဲ့ မ (၂) ယောက်၊ ဒိုက်ဦးအကျဉ်းထောင်က ကျား (၄၈) ယောက်နဲ့ မ (၂) ယောက်၊ အိုးဘိုအကျဉ်းထောင်က ကျား (၄၂) ယောက်၊ ရမည်းသင်းအကျဉ်းထောင်က မ (၃) ယောက်၊ သာယာဝတီအကျဉ်းထောင်က ကျား (၇၇)ယောက်နဲ့ မ (၆) ယောက်၊ ထားဝယ်အကျဉ်းထောင်က ကျား (၁၀) ယောက်နဲ့ မ (၃) ယောက်၊ ပြည်အကျဉ်းထောင်ကနေ ကျား (၄) ယောက်၊ မကွေးအကျဉ်းထောင်ကနေ ကျား (၂) ယောက်၊ မြင်းခြံအကျဉ်းထောင်က ကျား/မ မသိရသေးတဲ့ (၂၄) ယောက်၊ အင်းစိန်အကျဉ်းထောင်က ကျား (၃၀) ယောက်နဲ့ မ (၂) ယောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Dawei Defense Team – DDT မှ ကျဆုံးခေါင်းဆောင်နှင့် ရဲဘော်များအတွက် (၄)နှစ်ပြည့် ဆွမ်းကပ်အလှူပြုလုပ်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် (Dawei Defense Team - DDT ) က ကျဆုံးခဲ့တဲ့ လက်ဦးဆရာကိုတင်နိုင် (ခေါ်) ရဲဘော် ဂျိမ်းစ်ဘွန်းနဲ့ ရဲဘော် ကိုရှိုင်း တို့အတွက် ဇူလိုင်လ ၇ ရက်မနေ့က သံတေတော်တွေကို (၄)နှစ်ပြည့် နှစ်ပတ်လည် နေ့လယ် ဆွမ်းကပ်လှူဒါန်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဓားစာခံများအား ဖမ်းဆီးလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ပြည်သူ ၇ဦး ထွက်ပြေးလွတ်မြောက်

“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် ဆိုင်ကယ် ခိုးသူ ၂ ဦးကို မြို့နယ် ပလဖ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဆိုင်ကယ်ခိုးသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေဟု Kim Aris ပြော

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရသလို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။