စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်ထောက်ပို့စစ်ကြောင်းတွေကို တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း Shwe Bo Battalion 15 ထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီလောက်မှာ ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာမှာ အင်အား ၁၀၀ ဝန်းကျင်တဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ရွှေဘို တပ်မ (၄၂) ကနေ ဟောင်ဝှစ်ဇာတွေနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့သလို မုံရွာ နမခကနေလည်း Gyrocopter ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“လှတောကနေ စိုင်နိုင်ကွေ့၊ စိုင်နိုင်ကွေ့ကနေ စိုင်နိုင်လေးကို ယာယီတပ်စွဲချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ရွာထဲထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ ‌ေ-ွးဘက်က ၄ ဦးကျော် သေပြီး ထိခိုက်ဒဏ်ရာ တော်တော်များတယ်” လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက မောင်းကို ပြောပါတယ်။

အလားတူ နေ့လယ် ၃ နာရီလောက်မှာလည်း ရွှေဘိုမြို့တောင်ဘက် မုဒ်ပေါက်ကနေထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ (ခမရ − ၁၁) / (ခလရ − ၄၂) / ပျူပူးပေါင်းတပ်ဖွဲ့တွေက အင်အား ၇၀ ရှိတဲ့ ထောက်ပို့စစ်ကြောင်းဟာ ရွှေဘို-မန္တလေး လမ်းမကြီးအတိုင်း ထွက်လာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အပြန်အလှန် ပစ်ခတ်မှု ၃ နာရီကြာ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုဘက်က အယောက် ၃၀ နီးပါး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ညီနောင်မဟာမိတ်တပ်ရင်း (၉၇၀၆) က တပ်ထောက် ဗိုလ် ၁ ယောက်နဲ့ ရွှေဘိုမြို့နယ် ပကဖ ရဲဘော် ၁ယောက် ကျဆုံးခဲ့ပါတယ်။

“ကျနော်တို့ ညီနောင်ရင်းထဲက အမှတ် ၉၇၀၆ တပ်က တပ်ထောက် အရာရှိတစ်ဦး အသက်ပေးလိုက်ရတယ်၊ လက်ရှိကတော့ ‌ေ-ွးတွေကို ရွှေဘိုဘက်သွားနိုင်အောင် ဝေဟင်ကနေ Y 12 နဲ့ အလုံး ၆၀ ကျော် ကြဲပေးပြီး ကားလမ်းအတိုင်း ဝင်သွားပြီ” လို့ ဗိုလ်ကောက်ရိုးက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ထံက MA 1 (၅) လက်၊ MA 2 (၂) လက်၊ MA 3 (၂) လက်၊ MA 4 (၁) လက်၊ RPG (၁) လက်၊ RPG အသီး (၁၃) ဖူး၊ ၆၀ − မမ (၇)ဖူး ၊ RPG ပို့ကျည် (၈) တောင့်၊ ကျည်ဘောက် (၁၁) ဘောက်၊ အီနာဂါ (၂) ဖူး နဲ့ နာနတ်သီး (၂) လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို (ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ ၁၈ ၊ ၂၃ ၊ ၂၆ ၊ ၉၇၀၆ − Together We Can ) နဲ့ ဝက်လက်/ရွှေဘိုမြို့နယ်ပကဖ၊ ဒီပဲယင်း ပကဖအဖွဲ့တွေ၊ ဒေသခံ တိုက်နယ်ပကဖတွေ၊ Drone အဖွဲ့တွေနဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်တွင် ရဲစခန်းမှ ဂိတ်စခန်းကို ထွက်လာသည့် ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ်နှင့် နယ်ထိန်းရဲ အပြင်းအထန် ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မုတ္တိုင်ရဲစခန်းကနေ တမံကြီးရွာဘက် ဂိတ်စခန်းကို ထွက်ခွာလာတဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲတို့ ၂ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မလှိုင်မြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်နှင့် မိခင်အပါ ၄ ဦးကို စစ်ကော်မရှင် သတ်ခဲ့၊ နွားထိုးကြီးနယ်ရှိ ဒေသခံ ၈ ဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးကာ သတ်ဖြတ်သွား

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို မိတ္ထီလာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီက တစ်ပတ်အတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချပြီး ပြည်သူ ၈ယောက် သေဆုံးစေခဲ့

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကူမင်းဆွေးနွေးပွဲ စတင်ရန် တစ်ရက်အလိုမှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက TNLAထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းမှာ TNLA က ထုတ်ပြန်ပါတယ်။