တော်လှန်ရေးမှာ ကျရာတာဝန်ထမ်းဆောင်ရင်း ပါဝင်အားဖြည့်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှု ဘဝဟာ လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖီကာ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကိုပါ ခံနေရတဲ့အပေါ် များစွာတုန်လှုပ်မိတယ်လို့ CDM Medical Network က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ်မှာ CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်း ကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မင်းကင်း-ပလဖ)က ကာယအိန္ဒြေပျက်ပြားတဲ့အထိ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ယနေ့လူမှုကွန်ယက်များတွင် ပျံ့နှံ့လျက်ရှိသော ဗီဒီယိုဖိုင်နှင့် သတင်းအချက်အလက်များအရ ယခင်မင်းကင်း ဆေးရုံအုပ် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါက်တာခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံ ရေး အဖွဲ့(ပလဖ)မှ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သိရှိရပါသည်။ တော်လှန်ရေး၏ ဝန်ထမ်းယန္တရားများတွင် ကျရာနေရာမှ ပါဝင်အားဖြည့်ပေးနေသော CDM ကျန်းမာရေးဝန်ထမ်းများ၏ လူမှုဘဝသည် လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရသည့်အပြင် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သွေဖီလျက် ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များ၏ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ခြင်းကိုပါ ခံရသည့်အခြေအနေတစ်ခုကို တွေ့မြင်ရသည့် အတွက် မိမိတို့ CDM Medical Network အနေဖြင့် များစွာတုန်လှုပ်မိပါသည်” လို့ CDM Medical Network က ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နောက်ခံအကြောင်းအရာ အမျိုးမျိုးတို့အပေါ် အခြေခံပြီး လုပ်ငန်းတာဝန်အရ လိုအပ်လို့ ခေါ်ယူစစ် ဆေးရာမှာ CDM ဝန်ထမ်းတစ်ယောက်၊ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတပ်ဖွဲ့ဝင် မပါဝင်ဘဲ ကာယအိန္ဒြေပျက်အောင် ရုန်းရင်းဆန်ခတ် ဖမ်းဆီးခေါ်တာဟာလည်း အကျည်းတန်တယ်လို့ CDM Medical Network က ဆိုပါတယ်။

အလားတူ CDM ဝန်ထမ်းတွေရဲ့ လူမှုဘဝလုံခြုံရေး၊ တော်လှန်ရေးရဲ့ အရွေ့အလိုက် ဖန်တီးပြောင်းလဲလာတဲ့ ဝန် ထမ်းယန္တရားတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ အန္တရာယ်ကင်းစွာ ပါဝင်အကူအညီပေးနိုင်ရေးတို့ကို အထူး အလေးအနက်ထားသလို တော်လှန်ရေးမှာ ကျရာနေရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြတဲ့ CDM ကျန်းမာ ရေးဝန်ထမ်းတွေလိုပဲ တခြားသော အသိပညာရှင်၊ အတတ်ပညာရှင်တွေကို တော်လှန်ရဲဘော်အချင်းချင်း လေးစား တန်ဖိုးထားပြီး ဆက်ဆံဖို့ တိုက်တွန်းတယ်လို့ CDM Medical Network က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံကနေ CDM လုပ်ပြီး စစ်ရှောင်တွေနဲ့ ဒေသခံတွေကို ဆေးကုသ ပေးနေတဲ့ ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်း-ပလဖ အဖွဲ့ဝင်တွေက နိုဝင်ဘာလ ၃၀ ရက်က သင်တောရွာ ‌ဆေးခန်းမှာ ဝင်ရောက်ပြီး အတင်းအကျပ် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒေါက်တာခင်သူသူလွင်ဟာ ၂၀၂၁ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့စဉ်က လုပ်ငန်းဆိုင်ရာ စာရင်းဇယား၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို ရှင်းလင်းလွှဲပြောင်းဖို့ စာအကြိမ်ကြိမ်ပေးပို့ ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အပေါ် လိုက်နာညှိနှိုင်းမဖြေရှင်းတဲ့အတွက် အခုလို ဖမ်းဆီးရတာဖြစ်တယ်လို့ ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာခင်သူသူလွင်ဟာ မင်းကင်း-ပကဖ အဖွဲ့ဆီက ငှားရမ်းထားတဲ့ အေကေ ၄၇ တစ်လက်ကို ပြန်လည်မအပ်နှံခဲ့သလို အခွန်ငွေ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် သိန်း ၃၃၀၀ ကျော်ကိုလည်း ပြန်လည်မအပ်နှံတဲ့အတွက် အမှုဖွင့် တိုင်ကြားခံရပြီး မင်းကင်း-ပအဖ က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးမှုဖြစ်စဉ်မှာ အမျိုးသမီးရဲမေ မပါဝင်ခဲ့တာနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အပေါ်မှာတော့ NUG ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ အနူးအညွတ်တောင်းပန်တယ်လို့ ဆိုထားပြီ ဒေါက်တာ ခင်သူသူလွင်ရဲ့ အမှုကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကြောင်းမှ တပ်သား ၁ ဦး ကျန်နေရစ်ကာ လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

ဖယ်ခုံ PDF ၄ နှစ်တာအတွင်း ရဲဘော် ၁၆ ဦးကျဆုံး၊ ၁၇ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၂ တပ်ရင်း (ဖယ်ခုံ PDF) က တပ်ရင်းတည်ထောင်တာ ၄ နှစ်ပြည့်ချိန်တွင် ရဲဘော် ၁၆ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မူဆယ်-မန္တလေး မီးရထားလမ်းတစ်လျှောက်က မြို့တွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ လအတွင်း အရပ်သား ၆၈ ယောက် သေဆုံး

တရုတ်စီမံကိန်း ဖြစ်တဲ့ မူဆယ်- မန္တလေးမီးရထားလမ်းတစ်လျှောက်က ရှမ်းမြောက်မြို့ ၉ခုအပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လအတွင်း အရပ်သား၂၀၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ မော်ကွီးလု (မယ်လ) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။