စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနေ့က နေ့လယ် ၃ နာရီလောက်မှာ ချောင်းဦးမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က Gyrocopter ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၁ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ဂျိုင်ရိုကော်ပတာက မုံရွာ နမခ ကနေ လာတာဗျ။ ထိတွေ့မှုမရှိဘဲနဲ့ အကြောင်းမဲ့ ရွာ ၂ ရွာကို လာချသွားတာပါ။ ဒဏ်ရာရသူတွေထဲမှာ ၁ဦးကတော့ စိုးရိမ်ရတယ်လို့ သိရတယ်။ ကျန် ဒဏ်ရာရတဲ့သူတွေလည်း ကုသမှုခံယူနေတယ်” လို့ ချောင်းဦးဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

Gyrocopter ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့တုန်းကလည်း ချောင်းဦးမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

(ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် KIA/KPDF တို့ တိုက်ပွဲဖြစ်၊ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

စစ်မှုထမ်းဖို့ အကြောင်းမဲ့ ပျက်ကွက်နေသူတွေရှိလို့ ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

နိုင်ငံတစ်၀န်းမှာ စစ်မှုထမ်းဖို့ စာရင်းပေးပြီးမှ ပျက်ကွက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်ဆန်းက ပြောကြားလိုက်ပါတယ်။
Read More

အားစိုက်မှုနှင့် ထောက်ပံ့မှုသာရှိရင် ပြည်တွင်းဒရုန်းတပ်ဖွဲ့များ ဘယ်လောက် ခရီးရောက်နိုင်လဲ ပြသနေသည့် တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ် (တောင်ငူလေတပ်စခန်း) ကို အသေခံဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ ပြည်တွင်းဒရုန်းတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေသာ ရှိလာရင် ဘယ်လောက်အထိ အောင်မြင်နိုင်ကြောင်း မီးမောင်းထိုးပြလိုက်တဲ့ အားထုတ်မှု ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။