မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီကျော်အချိန်မှာ အဆိုပါ စစ်မှုထမ်းတပ်သား ၃ယောက်ဟာ ခမရ ၅၈၆ ထဲကနေ ထွက်ပြေးလာပြီး ရေးဘီလူးတပ်ဖွဲ့ရဲ့ နယ်နိမိတ်ထဲ ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က ရေးမြို့နယ်ရဲ့ ဆိုင်းဘုတ် အကျော်နားလေးမှာ ဖမ်းမိခဲ့တာပါ။ သူတို့က ထွက်ပြေးလာခဲ့တာပေါ့နော်။ လက်နက်လည်း မပါဘူး။ ကျွန်တော်တို့ နယ်နိမိတ်ထဲကို ဝင်လာတယ်။ သူတို့ကို အသိမိတ်ဆွေက ပြောပြလို့ ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းလိုက်ရတာပါ” လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားသူ ၃ယောက်ကို စစ်သုံ့ပန်းအနေနဲ့ ထိန်းသိမ်းထားပြီး ရေးဘီလူးတပ်ဖွဲ့ထဲမှာ ထားမှာမဟုတ်ဘဲ သက်ဆိုင်ရာ စစ်သုံ့ပန်းသီးသန့် ထိန်းသိမ်းရာနေရာကို လွှဲပြောင်းထားရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရေးဘီလူးခေါင်းဆောင်က “ကျနော်တို့ စစ်ဆေးမေးမြန်းတာအရတော့ သူတို့က တပ်ထဲမှာ နေရတာ မပျော်လို့ ထွက်ပြေးလာတာပေါ့နော်။ ဘာလို့ သေနတ်တွေ မယူခဲ့လဲ မေးတော့ သူတို့က ကိုယ်လွတ်ရုန်းပြီးပဲ ပြေးခဲ့တာလို့ ပြောတယ်။ တခုရှိတာက ကျနော်တို့ နယ်နိမိတ်ထဲကို သေနတ်နဲ့ ဝင်လာရင် ကျနော်တို့ကလည်း ပစ်မှာပဲပေါ့နော်။ ဒါကိုကြောက်လို့လည်း ဖြစ်နိုင်တယ်။ အထဲကနေ ကြိုတင်ချိတ်ဆက်ထားရင်တော့ ကျနော်တို့ မြေပြင်မှာ အကောင်းဆုံး ပြင်ဆင်ထားပေးလို့ရတယ်။ အခုက အပြင်ရောက်မှ အချိတ်အဆက်ရတာဆိုတော့ ၁၀၀% ယုံကြည်မှုထားလို့ မရနေပါဘူး” လို့ ဆိုပါတယ်။

ခမရ ၅၈၆ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ အဆိုပါစစ်မှုထမ်းတပ်သားသစ် ၃ ယောက်ဟာ စစ်မှုထမ်းအပတ်စဥ် ၁၂ ကဖြစ်ပြီး  အောင်သန်းဦး အသက် ၂၄ နှစ်၊ ရန်နိုင်ဝင်း အသက် ၂၉ နှစ်နဲ့ ချစ်ထွန်း အသက်  ၂၃ နှစ်တို့ ဖြစ်တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်တွင် စစ်တပ်ထောက်ခံသူအများစု ရှိနေသည့် ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ၂ ဦးဆုံးသေပြီး ဘုန်းကြီး၁ပါးနှင့် ပြည်သူ ၇ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စစ်တပ်ထောက်ခံသူအများစုရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လူ၂ ယောက် ​သေဆုံးပြီး ဥူးပဥ္ဇင်း ၁ ပါးနဲ့ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် UFC Fight ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် ၁ဖြစ်သူ ဘရန်ဒန် ရိုဗာကို အကြိတ်အနယ်ထိုးသတ်ပြီး ထိုက်တန်စွာအနိုင်ရရှိ

ဒီကနေ့ကျင်းပတဲ့ UFC 317 မှာ မြန်မာကို ကိုယ်စားပြုတဲ့ ဂျော့ရှူအာဗန်က လက်ရှိ UFC ကမ္ဘာ့အဆင့် ၁ ဘရန်ဒန် ရိုဗာကို လက်စွမ်းအသာနဲ့ ထိုးသတ် အနိုင်ရရှိသွားပြီဖြစ်ပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်သားက ၇၅ နှစ်အရွယ် အဘွားအိုကို အဓမ္မပြုကျင့်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အဘွားအို ရင်ဆိုင်နေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို အကြမ်းဖက်စစ်သားက အဓမ္မကျင့် စော်ကားခဲ့တဲ့အတွက် အဘွားအိုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အမျိုးသား ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။