စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနေ့ နေ့လယ်ပိုင်းမှာ မင်းကင်းပလဖ တပ်ဖွဲ့ဝင် ၆ ယောက်ဝန်းကျင်နဲ့ ရောက်လာပြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို အဓမ္မ ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ထားတဲ့ ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ဆေးရုံမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

“လာဖမ်းတဲ့သူတွေလည်း သူတို့အသိတွေပဲ။ ဆွဲရမ်းပြီး အတော်ဆိုးတယ်။ လက်ထိပ်တန်းလန်းနဲ့ ဆွဲခေါ်သွားတယ်။ ဘေးကတော့ ဘာမှဝင်မပြောရဘူးလေ။ သူကလည်း ရေနွေးဓာတ်ဗူး ပေါက်ခွဲလိုက်တာ.. ရုန်းတာတော့ ရှိတာပေါ့။ သူက စစ်အာဏာသိမ်းပြီး ဆန္ဒပြကတည်းက ပါခဲ့တာ။ အရင်ကတော့ တပ်ရင်းတချို့က လုံခြုံရေးလိုက်ပေးတယ် ဆေးကုရင်..” လို့ မင်းကင်း နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ သူဆေးကုပေးနေတဲ့ လူနာကို တာဝန်ရှိသူတွေ လာရောက်ဖမ်းဆီးချိန်မှာ ဖမ်းဆီးခွင့်မပြုလိုက်တဲ့အတွက် အခုလို လာရောက်ခေါ်ဆောင်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

“သူ့ဆီ ဆေးလာကုတဲ့ လူနာတစ်ယောက်နဲ့ ပတ်သက်ပြီး ပလဖ က လာဖမ်းတာလို့လည်း ကြားတယ်။ သူ့ဘက်က လက်မခံဘဲ အဲဒီလူနာကို မအပ်လိုက်ဘူး။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်တော့ မသိဘူးဗျ။ သူက အရင်ကတော့ နယ်လှည့်ကုပေးနေတာ။ မင်းကင်းထဲ သူ့အနေအထားနဲ့ သူတတ်စွမ်းသလောက် လုပ်နေတာပါပဲ။ ဆရာဝန်ဆိုတော့ နိုင်ငံရေးသမားတွေလိုတော့ မဟုတ်ဘူးပေါ့” လို့ အထက်ပါ နယ်ခံက ပြောခဲ့ပါတယ်။

ဒေါက်တာ ခင်သူသူလွင်ဟာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကနေ ၂၀၂၄ ခုနှစ်မှာ ရပ်နားခံထားရသူဖြစ်ပြီး အဲ့လို တာဝန်ယူစဥ်အချိန်က ကိစ္စရပ်တွေကြောင့် အခုလို ဖမ်းဆီးခံရတာဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိသလို မင်းကင်းမြို့နယ်အတွင်း ရွှေတူးဖော်မှုတွေကို ဒေသခံတွေ ဆန္ဒပြစဥ်က ဦးဆောင်ပါဝင်ခဲ့လို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒီဖြစ်စဉ်အပေါ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ဖမ်းဆီးခဲ့တဲ့ မင်းကင်း ပလဖ ကတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မင်းကင်းမြို့နယ်အတွင်း လောင်းပြည့်ရွှေမျှော်စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး ဒီနေ့အချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးအင်အားစုများ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီဟု စစ်ကိုင်း PDF ထုတ်ပြန်

မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

ရွှေဘိုမှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ၅ ယောက်သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲချတိုက်ခိုက်၊ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ BLDF နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့တယ်လို့ သိရပါတယ်။