အိမ်ဖြူတော်အနီးမှာ အာဖဂန်နိုင်ငံသားတယောက်က အစောင့်တပ်သား နှစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး တယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် အမေရိကန်အစိုးရအနေနဲ့ ခိုလှုံခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အချိန်အတော်ကြာ ဆိုင်းငံ့ထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၃၀ ရက်မှာ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ထရမ့်က “အမေရိကန်စနစ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေဖို့ တတိယအဆင့်နိုင်ငံတွေ အားလုံးကနေ ရွှေ့ပြောင်းအခြေချခြင်းကို အပြီးအပိုင် ရပ်ဆိုင်းဖို့ စီစဉ်ထားကြောင်း” ရေးသားခဲ့ပါတယ်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနရဲ့ အဆိုအရ အဆိုပါ ရပ်ဆိုင်းမှုဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံကို သက်ရောက်မှာဖြစ်ပြီး အဓိကအားဖြင့် ဇွန်လကစလို့ အမေရိကန်ကို ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့ အာဖကန်နစ္စတန်၊ ကျူးဘား၊ ဟေတီ၊ အီရန်နဲ့ မြန်မာတို့ ပါဝင်ပါတယ်။

တနင်္ဂနွေက ထရမ့်ရဲ့ ပြောဆိုမှုအတွင်း ဆိုင်းငံ့မယ့်အချိန်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ‘အချိန်အကန့်အသတ်မရှိဘူး’ လို့ သူကပြောပါတယ်။

“အဲဒီလူတွေကို ကျနော်တို့ မလိုချင်ပါဘူး။ ဘာကြောင့်လဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ အများစုက မကောင်းတဲ့သူတွေ ဖြစ်နေတာကြောင့် သူတို့တွေ ကျနော်တို့နိုင်ငံထဲမှာ မရှိသင့်ဘူး” လို့ ထရမ့်က ဆိုတာပါ။

(ဓာတ်ပုံ AFP)

နိုဝင်ဘာလ ၂၆ ရက်နေ့က ဝါရှင်တန်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အသက် ၂၀ အရွယ် အစောင့်တယောက် သေဆုံးခဲ့ပြီး နောက်ထပ်တယောက် အရေးပေါ်ဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ အသက် ၂၉ နှစ်အရွယ် အာဖဂန်နိုင်ငံသား ရာမန်နူလာ လာကန်ဝါးလ်ကို ဖမ်းဆီးပြီး ပထမဆင့် (အမေရိကန်ဥပဒေအရ အဆင့် ၃ ဆင့်အနက် အဆိုးဆုံးအဆင့်) လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။

လာကန်ဝါးလ်ဟာ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ CIA ကျောထောက်နောက်ခံပြု “မိတ်ဖက်တပ်ဖွဲ့” မှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၁ ခုနှစ် အမေရိကန်က အာဖဂန်နစ္စတန်မှာ တပ်ရုပ်သိမ်းပြီးနောက် ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ အမေရိကန်မှာ နေထိုင်သူဖြစ်ပါတယ်။

လာကန်ဝါးလ်ဟာ ထရမ့်အစိုးရလက်ထက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ခိုလှုံခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်လေကြောင်းနဲ့ ရွှေ့ပြောင်းစဉ် ဘိုင်ဒင်အစိုးရရဲ့ စိစစ်မှု လျော့ရဲခဲ့ခြင်းကြောင့် သူ့ကို အမေရိကန်မြေမှာ နေခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ အစိုးရအရာရှိတွေက အပြစ်တင်ထားကြပါတယ်။

မူရင်းသတင်း – Trump says US to pause asylum decisions ‘for long time’ after White House shooting

0 Shares:
You May Also Like
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးတွင် မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်း ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ ဇွန်လ ၆ ရက် မနေ့ကညနေပိုင်းမှာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်၏ ပြောင်းလဲမှုများက စစ်မှန်သည့် အပြောင်းအလဲ မဟုတ်ဘူး ဟု International IDEA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။