ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က “NO VOTE” စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“မိဘပြည်သူများ အားလုံးသိကြတဲ့အတိုင်း စစ်တပ်က အာဏာသိမ်းပြီးရင် ရွေးကောက်ပွဲလုပ်ပြတာဟာ သူတို့အတွက် ရိုးရာဖြစ်နေပြီလို့တောင် ဆိုရပါမယ်။ လုပ်ပြတယ်ဆိုတဲ့အခါမှာ ဘယ်သူ့ကိုပြတာလဲဆိုရင် စစ်တပ်ဆီက အကျိုးအမြတ်ရမယ့် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရှရှား စတဲ့ နိုင်ငံတွေအတွက်ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲလုပ်ပါတယ်ဆိုပြီး ကမ္ဘာကိုလိမ်လည်ကျားဖြန့်ဖို့အတွက် သက်သက်သာဖြစ်ပါတယ်” လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ဆိုပါတယ်။

အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း စစ်တပ်က နိုင်ငံကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့တာရှိရင် ရေဘဝဲကို အထောက်အထားနဲ့တကွ လာရောက်ပြောကြားဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

”စစ်တပ်ပြောသလို နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ဆိုရင် မဲမပေးခြင်းဟာလည်း နိုင်ငံသားအခွင့်အရေးဖြစ်ပြီး မဲစာရင်းမကြည့်ဖို့၊ မဲမပေးဖို့၊ ကိုယ့်လုံခြုံရေးကို အဓိကထားပြီး ကိုယ်မဲမပေးတာ ကိုယ့်အပြင် တခြားသူမသိစေဖို့ ဉာဏအားကို အဓိထားပြီး ပရိယာယ်ကြွယ်ကြွယ် အတုအယောင်ရွေးကောက်ပွဲကို NO VOTE ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်လူထုအပြင် နိုင်ငံတော်တဝှမ်းလုံးကို ရေဘဝဲမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်” လို့ ဆိုထားပါတယ်။

Video – OCTOPUS

0 Shares:
You May Also Like
Read More

MBT အထူးကွန်မန်ဒိုရဲဘော်တွေက မြင်းခြံမြို့မှာ ‌သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင်ကို မင်းသိုက်ကို တိုက်ခိုက်ရှင်းလင်းမှု ရုရှားပြန်၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့မှာ သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင် မင်းသိုက်ကို MBT အထူးကွန်မန် ဒိုရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့ရာ ရုရှားပြန် ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေဆုံးခဲ့တယ် လို့ Myingyan Black Tiger တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

TGYR-‌‌ ပြောက်ကျားတပ်ဖွဲ့ ရဲ့ စက်သေနတ် စမ်းသပ်ပစ်ခတ်မှု (ရုပ်/သံ)

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်က ဒေသကာကွယ်ရေးတစ်ခု ဖြစ်တဲ့ TGYR ပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ဝယ်ယူထားတဲ့ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ စက်သေနတ်ကို စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းကို ရုပ်သံနဲ့တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ခင်ဦးမြို့နယ် ယာဥ်ကြောပိတ်ဆို့နေသည့်လမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ ကားများနှင့် ဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့နယ်ကို အင်အား ရာကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရိက္ခာတင်ယာဉ်တွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ  တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရိက္ခာ တင်ယာဉ် ၄ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ မန်နားကျေးရွာကို အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိးမြို့ မန်နားကျေးရွာကို စက်တင်ဘာ ၃၀ ရက် ညပိုင်းအချိန်က အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။