လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ရပ်ကွက်တွေအတွင်း သန်းခေါင်စာရင်းနဲ့ အိမ်‌ရှိနေထိုင်သူတွေ မဲစာရင်းထဲပါ၊ မပါ စစ်ကော်မရှင် လက်ပါးစေတွေက လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“မဲစာရင်းစာရွက်ကြီးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လာတယ်။ အိမ်သန်းခေါင်စာရင်း ပြခိုင်းတယ်။ အဲဒါနဲ့ တိုက်စစ်တယ်။ နာမည်မပါရင် ပြန်ထည့်ဖို့လုပ်တယ်။ သူတို့ဘာသာမှတ်သွားတာပဲ” လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် တခြားမြို့နယ်တွေမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး‌တွေက မဲစာရင်းလာကြည့်ဖို့အတွက် နေ့စဉ် အော်လံနဲ့ အော်ဟစ်နှိုးဆော်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ မဲစာရင်းထဲ မပါသူတွေကို ပုံစံ (၃)၊ မဲစာရင်းထဲမပါသင့်တဲ့သူတွေပါရင် ပုံစံ (၄) နဲ့ အချက်အလက်မှားယွင်းနေရင် ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်သွားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအတုအတွက် ဒုတိယအကြိမ် မဲစာရင်းတွေ ကပ်ထားပေမယ့် လာရောက်ကြည့်ရှုသူမရှိတာကြောင့် နိုဝင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အတွင်းမှာ တိုင်းနဲ့ပြည်နယ် အသီးသီးရှိ နေအိမ်တစ်ရာကျော်ကို အိမ်တိုင်ရာ‌ရောက် မဲစစ်ဆေးပြီးစီးခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဟာခါး-ထန်တလန် အနီးက စစ်ကောင်စီစခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် စစ်ကောင်စီ အရာရှိတွေအပါ အများအပြား သေ၊ လက်နက်ခဲယမ်းများစွာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် တာဝန်ထမ်းနေတဲ့ ပျူစောထီးကို နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF - ၃၆၀၁ တပ်ရင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် ၂၃၉ မိုင်ရှိ စစ်အုပ်စု၏ “လေးက”ဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေ၊ ဗိုလ် ၁ ဦး ဆေးရုံတင်ထားရ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။