တော်လှန်ရေးမှာ ကျရာတာဝန်ထမ်းဆောင်ရင်း ပါဝင်အားဖြည့်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှု ဘဝဟာ လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖီကာ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကိုပါ ခံနေရတဲ့အပေါ် များစွာတုန်လှုပ်မိတယ်လို့ CDM Medical Network က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ်မှာ CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်း ကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မင်းကင်း-ပလဖ)က ကာယအိန္ဒြေပျက်ပြားတဲ့အထိ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ယနေ့လူမှုကွန်ယက်များတွင် ပျံ့နှံ့လျက်ရှိသော ဗီဒီယိုဖိုင်နှင့် သတင်းအချက်အလက်များအရ ယခင်မင်းကင်း ဆေးရုံအုပ် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါက်တာခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံ ရေး အဖွဲ့(ပလဖ)မှ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သိရှိရပါသည်။ တော်လှန်ရေး၏ ဝန်ထမ်းယန္တရားများတွင် ကျရာနေရာမှ ပါဝင်အားဖြည့်ပေးနေသော CDM ကျန်းမာရေးဝန်ထမ်းများ၏ လူမှုဘဝသည် လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရသည့်အပြင် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သွေဖီလျက် ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များ၏ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ခြင်းကိုပါ ခံရသည့်အခြေအနေတစ်ခုကို တွေ့မြင်ရသည့် အတွက် မိမိတို့ CDM Medical Network အနေဖြင့် များစွာတုန်လှုပ်မိပါသည်” လို့ CDM Medical Network က ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နောက်ခံအကြောင်းအရာ အမျိုးမျိုးတို့အပေါ် အခြေခံပြီး လုပ်ငန်းတာဝန်အရ လိုအပ်လို့ ခေါ်ယူစစ် ဆေးရာမှာ CDM ဝန်ထမ်းတစ်ယောက်၊ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတပ်ဖွဲ့ဝင် မပါဝင်ဘဲ ကာယအိန္ဒြေပျက်အောင် ရုန်းရင်းဆန်ခတ် ဖမ်းဆီးခေါ်တာဟာလည်း အကျည်းတန်တယ်လို့ CDM Medical Network က ဆိုပါတယ်။

အလားတူ CDM ဝန်ထမ်းတွေရဲ့ လူမှုဘဝလုံခြုံရေး၊ တော်လှန်ရေးရဲ့ အရွေ့အလိုက် ဖန်တီးပြောင်းလဲလာတဲ့ ဝန် ထမ်းယန္တရားတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ အန္တရာယ်ကင်းစွာ ပါဝင်အကူအညီပေးနိုင်ရေးတို့ကို အထူး အလေးအနက်ထားသလို တော်လှန်ရေးမှာ ကျရာနေရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြတဲ့ CDM ကျန်းမာ ရေးဝန်ထမ်းတွေလိုပဲ တခြားသော အသိပညာရှင်၊ အတတ်ပညာရှင်တွေကို တော်လှန်ရဲဘော်အချင်းချင်း လေးစား တန်ဖိုးထားပြီး ဆက်ဆံဖို့ တိုက်တွန်းတယ်လို့ CDM Medical Network က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံကနေ CDM လုပ်ပြီး စစ်ရှောင်တွေနဲ့ ဒေသခံတွေကို ဆေးကုသ ပေးနေတဲ့ ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်း-ပလဖ အဖွဲ့ဝင်တွေက နိုဝင်ဘာလ ၃၀ ရက်က သင်တောရွာ ‌ဆေးခန်းမှာ ဝင်ရောက်ပြီး အတင်းအကျပ် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒေါက်တာခင်သူသူလွင်ဟာ ၂၀၂၁ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့စဉ်က လုပ်ငန်းဆိုင်ရာ စာရင်းဇယား၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို ရှင်းလင်းလွှဲပြောင်းဖို့ စာအကြိမ်ကြိမ်ပေးပို့ ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အပေါ် လိုက်နာညှိနှိုင်းမဖြေရှင်းတဲ့အတွက် အခုလို ဖမ်းဆီးရတာဖြစ်တယ်လို့ ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာခင်သူသူလွင်ဟာ မင်းကင်း-ပကဖ အဖွဲ့ဆီက ငှားရမ်းထားတဲ့ အေကေ ၄၇ တစ်လက်ကို ပြန်လည်မအပ်နှံခဲ့သလို အခွန်ငွေ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် သိန်း ၃၃၀၀ ကျော်ကိုလည်း ပြန်လည်မအပ်နှံတဲ့အတွက် အမှုဖွင့် တိုင်ကြားခံရပြီး မင်းကင်း-ပအဖ က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးမှုဖြစ်စဉ်မှာ အမျိုးသမီးရဲမေ မပါဝင်ခဲ့တာနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အပေါ်မှာတော့ NUG ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ အနူးအညွတ်တောင်းပန်တယ်လို့ ဆိုထားပြီ ဒေါက်တာ ခင်သူသူလွင်ရဲ့ အမှုကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကနီနယ်က ရှမ်းမြောင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်တပ် ဒရုန်းဗုံးကြဲ၊ ရဟန်း ၂ ပါး ဒဏ်ရာရပြီး ကျောင်းတိုက်များ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရှမ်းမြောင်းရွာ ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒရုန်းဗုံးသီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ အတွက် ရဟန်း ၂ ပါး ထိမှန်သွားပြီး ကျောင်းတိုက် တချို့ ပျက်စီး သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အနှံ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့မှာ ဇန်နဝါရီလက စပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။