မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က ကျောက်ပန်းတောင်းမြို့နယ် သရက်တောကျေးရွာအတွင်း စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၃ လုံး၊ 1Kg ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ သေဆုံးမှုရှိခဲ့ပေမဘ့် မြေပြင်အခြေအနေအရ အတိအကျမသိရဘူးလို့ ဆိုပါတယ်။

Video – Taung Tha People Defense Force

0 Shares:
You May Also Like
Read More

ပြည်သူများကို ထောက်ပံ့ကူညီခဲ့သည့် ရုပ်သံမှတ်တမ်း တော်ဝင်ဒေါင်းတပ်ရင်း ထုတ်ပြန် (ရုပ်/ သံ)

တော်ဝင်ဒေါင်းတပ်ရင်းက ရဲဘော်တွေဟာ ရှေ့တန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသလို သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီကာကွယ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ကန်ကလေးကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီး အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်သား အများအပြားသေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာနဲ့ မဒဲရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်တော် တပ်ခွဲထံက သိရပါတယ်။