မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် အဖွဲ့သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက် မနက် ၁၁ နာရီလောက်မှာ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် အဖွဲ့သားတွေ လိုက်ပါလာတဲ့ကားကို ပခုက္ကူ ပကဖ က ရဲဘော်ဒီးနဲ့ ရဲဘော် ဓာတ်ဗူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၀ ယောက်ပါအဖွဲ့က ညောင်ဦး-မြင်းခြံလမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ၅ယောက် သေဆံဒးကာ G4 သေနတ် ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ကျည်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အပြန်အလှန် ပစ်ခတ်မှု မရှိဘူးဗျ။ အားလုံး နေရာတင်သေတာ၊ ကားပေါ်ပါလာသမျှ အမျိုးသမီး ပျူ ၄ဦး၊ အမျိုးသား ၁ဦး အကုန်သေတာဗျ။ သူတို့က တစ်မိုက်သာဂိတ်ကနေ ကင်းပတ်တာဗျ” လို့ ပခုက္ကူမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ၁နာရီခွဲလောက်အကြာမှာတော့ အလောင်းလာကောက်တဲ့ စစ်ကော်မရှင်တပ်သားတွေက အနီးအနား ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်တာမျိုးတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ရန် စစ်ကောင်စီ၏ဖိတ်ခေါ်မှု စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးကို အာရုံလွှဲနိုင်ပါ့မလား

စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံးပမ်းနေပြီး အဆိုပါ အတုအယောင် ဟန်ပြရွေးကောက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်လာဖို့ ကမ်းလှမ်းကြောင်း ပြောဆိုထားပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ ယာယီအပစ်ရပ်ရေးဟာ BIMSTEC အစည်းအဝေး တက်ဖို့နှင့် နိုင်ငံတကာ ထောက်ခံမှုရဖို့ ဟန်ပြကြေညာချက်သာ ဖြစ်သည်ဟု KNU ပြော

ရက် (၂၀) ကြာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း  လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။