မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ခြေလျင်တပ်ရင်းတွေကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က စစ်ကြောင်းမှူးတဖြစ်လဲ ဗိုလ်ကြီးအဆင့်ရှိသူ မင်းတေဇအပါအဝင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပကဖ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်ရင်းတွေကနေ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ထန်းဆယ်ဆင်ပင်ကျေးရွာနဲ့ ရွာသစ်ကျေးရွာကြားမှာ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ ၂ နာရီ နီးပါးကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူး ဗိုလ်ကြီး မင်းတေဇနဲ့ တပ်သား ၁ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေစကြိုပကဖက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက်မှာ အထိနာသွားတဲ့ စစ်ကြောင်းဟာ ရွာသစ်ကျေးရွာကို ဝင်ရောက်ရင်း အရပ်သားပိုင်ပစ္စည်းတွေကို မွှေနှောက်ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုတိုက်ပွဲအတွင်း သေဆုံးသွားသည့် စကစ ဗိုလ်ကြီး မင်းတေဇ၏ ရုပ်အလောင်း (ဓာတ်ပုံ စစ်အုပ်စု)

ဒါ့အပြင် နိုဝင်ဘာလ ၂၇ရက်နေ့မှာလည်း ရွာသစ်ကျေးရွာကနေ ညောင်စောက်ကျေးရွာဘက်ကို ကူးသွားပြီး ပြည်သူပိုင် နေအိမ် (၁၀)လုံးကို မီးရှို့ခဲ့ကြောင်းနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ရေစကြိုမြို့ပေါ်စီမံရုံးပေါင်းစုံဆီ ခိုးယူသယ်ဆောင်သွားခဲ့ကြောင်း ရေစကြိုပကဖ က ပြောပါတယ်။

အဲဒီလို အရပ်သားပိုင် ပစ္စည်းတွေ ခိုးယူသယ်ဆောင်နေချိန် တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၁ ယောက် ထပ်မံသေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

“တရွာနဲ့တရွာ စစ်ကြောင်းကူးတဲ့အချိန်မှာ ကြားဖြတ်တိုက်ခဲ့တာပါ။ တိုက်ပွဲက ပြင်းထန်တယ်ပြောရမယ်။ ၂ နာရီလောက် ကြာပါတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ပေမယ့်လည်း အကောင်းဆုံးခုခံခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပကဖ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာလ (၂၉) ရက်နေ့မှာတော့ ညောင်စောက်ကျေးရွာကတဆင့် ရွှေကျောင်းကျေးရွာနဲ့ ပေါက်တောကျေးရွာတွေဆီ ဝင်ရောက်မွှေနောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ရေစကြိုမြို့နယ် စီမံရုံးပေါင်းစုံဆီ သယ်ဆောင်ကာ ခလရ ၂၅၈ တပ်အတွင်း ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၉) နဲ့ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်ကြီးဖြစ်သူ မင်းတေဇ သေဆုံးခဲ့တာနဲ့ပက်သက်ပြီး သူ့ရဲ့ နာရေးပုံရိပ်ကိုလည်း စစ်တပ်ထောက်ခံသူတွေရဲ့ လူမှုကွန်ရက် တစ်တော့ချန်နယ်တွေမှာ မျှဝေဖော်ပြနေကြပါတယ်။

0 Shares:
You May Also Like
Read More

ရပ်ကွက် ၂ ခုက စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေရှိနေတဲ့ ရပ်ကွက်ရုံး၂ခု တစ်နေ့တည်းဗုံးပစ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ မိတ်ဖက် ရုရှားက လျှပ်စစ်အပါအဝင် စီးပွါးရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု ဆို

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့တွေ့ဆုံစဉ်မှာ ရုရှားက ပြောကြားလိုက်ပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။