စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့ လက်ရှိတော်လှန်ရေးဟာ အင်မတန် အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြတ်ကြီးကြီးရဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

မန္တလေးဒေသလွှတ်တော် ပထမအကြိမ်အစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခဲ့နိုင်မှုနဲ့ ပတ်သက်လို့ လက်ရှိတော်လှန်ရေးဟာ စစ်ရေးသာမက နိုင်ငံရေးအရပါ ပြည်သူဗဟိုပြုတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပြီဆိုတာ ပြသနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

“ဒါဟာ တော်လှန်ရေးသမိုင်းမှာ အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး ဗမာလူမျိုး အများစု နေထိုင်ရာ ဒေသတစ်ခုကနေ ဒေသန္တရအဆင့် ဖက်ဒရယ်မူကို အုပ်ချုပ်ရေးယန္တရားနဲ့ အသက်သွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားများအားလုံး နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ ဖက်ဒရယ်မူကို အကောင်အထည်ဖော်ရာမှာ မန္တလေးဒေသက ရှေ့ဆောင်လမ်းပြအဖြစ် ဦးဆောင်ပါဝင်လာခြင်းဟာ ကျနော်တို့နိုင်ငံအတွက် စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့အတွက်လည်း အားရစရာ ခြေလှမ်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ အရင်းအနှီးကြီးလွန်းတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ကျနော်တို့ အနာဂတ်တိုင်းပြည်အတွက် အမြတ်ကြီးကြီး ရဖို့ လိုပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီသစ်ဟာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင် စောင့်ရှောက်ရေး၊ ကျန်းမာရေးနဲ့ ပညာ‌ရေးစနစ်တွေကို ပြည်သူဗဟိုပြုတဲ့ စနစ်အဖြစ် အလျင်အမြန်တည်ဆောက်ရေးအတွက် ရှေ့တန်းကနေ တာဝန်ယူရမှာဖြစ်တာကြောင့် တာဝန်အလွန်ကြီးမားပြီး ပြည်ထောင်စုအဆင့်ကနေ လိုအပ်တဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ အရင်းအမြစ်တွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာမခံကြောင်း ပြောခဲ့ပါတယ်။

တော်လှန်ရေးမှာ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုအမှတ်ရတဲ့စိတ်နဲ့အတူ မန္တလေးဒေသ အုပ်ချုပ်ရေးယန္တရားဟာ တော်လှန်ရေးအတွက် အထောက်အပံ့ကောင်း ဖြစ်စေပြီး မန္တလေးဒေသမှသည် တစ်နိုင်ငံလွတ်မြောက်ရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ဝန်ကြီးချုပ်က ဆုမွန်ကောင်းတောင်းကာ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်လံနယ်ရှိ မင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်လေကြောင်းဗုံးကြဲ ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်ရှိ မင်္ဂလာဆောင် တစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံး သူတွေရှိခဲ့တယ်လို့ အောင်လံလူထုအဖွဲ့ဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် ထားဝယ်မြို့ပေါ်မှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေ

အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလထဲမှာ စစ်အုပ်စုဟာ မြို့ပေါ်ရှိနေအိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှု ပြုလုပ်နေပြီး ရပ်ကွက်တစ်ခုမှာ လူငယ် ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။