အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တို့မှ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ထန်းဆယ်ဆင်ပင်ကျေးရွာနဲ့ ရွာသစ်ကျေးရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

တိုက်ပွဲ ၂ နာရီကြာ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းမှူး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွးတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ရွာသစ်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာတော့ အဆိုပါအထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ရွာသစ်ကျေးရွာကနေ ညောင်စောက်ကျေးရွာဘက်ကို ကူးလာပြီး ပြည်သူနေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးကာ အရပ်သားပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူသွားပြီး ရေစကြိုမြို့ပေါ်  စီမံရုံးပေါင်းစုံထဲသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

ညောင်စောက်ကျေးရွာအတွင်း အကြမ်းဖက်စစ်သားတွေကို ပစ္စည်းခိုးယူနေချိန်မှာ တော်လှန်ရေးရဲ ဘော်တွေက အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ နွေဦးစစ်သည်ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက်မှာလည်း အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ရွှေကျောင်းကျေးရွာနဲ့ ပေါက်တောကျေးရွာတွေကို ဝင်ရောက်ပစ္စည်းခိုးကာ ရေစကြိုမြို့နယ်စီမံရုံးပေါင်းစုံမှတစ်ဆင့် ခလရ ၂၅၈ ထဲသို့ သယ်ဆောင်ဝင်ရောက်သွားကြောင်း သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပ.က.ဖ

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွ်မြို့နယ်အနောက် ကားလမ်းမှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းအနိုင် ကျင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့ထံက သိရပါတယ်။
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး သော်ဇင်ထွန်းအပါအဝင် ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၁၉ ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးသော်ဇင်ထွန်းအပါအဝင် ၄ ယောက် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု ၆ ယောက်သေကာ ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရေကန်တောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကို ဒီဇင်ဘာ ၁၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

ကချင်၊ စစ်ကိုင်းအစပ် ဆယ်ဇင်းဒေသက ဆိုင်ပန်ကုန်းတပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့  ဆိုင်ပန်ကုန်းတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
Read More

အမျိုးသားညီညွတ်‌ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား (ရုပ်/သံ)

“ငါတို့အနာဂတ် ငါတို့ပြန်ပေးဆိုပြီး စခဲ့ကြတဲ့ တိုက်ပွဲခေါ်သံအတိုင်း မိမိတို့ အနာဂတ်တင်မကဘူး တိုင်းရင်းသားပြည်သူအားလုံးရဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြည့်ဝတဲ့ နိုင်ငံအနာဂတ်အတွက် စွန့်လွှတ်တော်လှန်ကြမှုကလည်း အင်မတန်မှ အားအင်ကြီးမားပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတော်သစ်မှာ ကျနော်တို့ ပြန်ဆုံကြပါမယ်”
Read More

ဗန်းမော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်နိုင်းနိုင်း၏ မိဘနှစ်ပါးထံ ကျန်ရစ်ရဲဘော်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း၂၈ (ဓားမဆိုင်းတပ်မတော်) တပ်ခွဲမှူး ရဲဘော်နိုင်းနိုင်းရဲ့ မိဘတွေကို အဆိုပါ တပ်ရင်း ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။